နည္းျပသစ္ ေမာ္ရင္ဟိုအား ဖီနာဘာခ်ီ မိတ္ဆက္

တူကီယဲကလပ္ ဖီနာဘာခ်ီအသင္းဟာ နည္းျပသစ္ျဖစ္လာခဲ့တဲ့ ေမာ္ရင္ဟိုကို ဇြန္လ(၂)ရက္ေန႔မွာ အသင္းရဲ့ ပရိသတ္ေတြနဲ႔ တရားဝင္မိတ္ဆက္ေပးသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဇန္နဝါရီလက ရိုးမားအသင္းနဲ႔ လမ္းခြဲခဲ့တဲ့ နည္းျပေမာ္ရင္ဟိုဟာ လာမယ့္ရာသီမွာ အသင္းကိုျပဳျပင္ေျပာင္းလဲဖို႔ႀကိဳးစားေနတဲ့ ဖီနာဘာခ်ီအသင္းရဲ့ နည္းျပသစ္အျဖစ္ကမ္းလွမ္းခ်က္ကို လက္ခံခဲ့တာပါ။
ဖီနာဘာခ်ီအသင္းရဲ့ ပရိသတ္တစ္ေထာင္ေက်ာ္က နည္းျပသစ္ျဖစ္လာခဲ့တဲ့ ေမာ္ရင္ဟိုကို လာေရာက္ႀကိဳဆိုခဲ့ ၾကသလို နည္းျပေမာ္ရင္ဟိုကလည္း အသင္းကို ေအာင္ျမင္မႈေတြရရွိေအာင္ လုပ္ေဆာင္ေပးသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။
နည္းျပေမာ္ရင္ဟိုက ေပၚတို၊ အင္တာမီလန္၊ ခ်ယ္လ္ဆီး၊ ရီးရဲလ္မက္ဒရစ္၊ ရိုးမားစတဲ့အသင္းေတြမွာ ေအာင္ျမင္မႈေတြရရွိေအာင္ လုပ္ေဆာင္ေပးခဲ့တဲ့ နည္းျပတစ္ေယာက္ျဖစ္တာေၾကာင့္ ဖီနာဘာခ်ီအသင္းကို တိုးတက္လာေအာင္ လုပ္ေဆာင္ေပးနိုင္လိမ့္မယ္လို႔ အသင္းပရိသတ္ေတြက ယုံၾကည္ေနၾကပါတယ္။

=========

နည်းပြသစ် မော်ရင်ဟိုအား ဖီနာဘာချီ မိတ်ဆက်
—————-
တူကီယဲကလပ် ဖီနာဘာချီအသင်းဟာ နည်းပြသစ်ဖြစ်လာခဲ့တဲ့ မော်ရင်ဟိုကို ဇွန်လ(၂)ရက်နေ့မှာ အသင်းရဲ့ ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလက ရိုးမားအသင်းနဲ့ လမ်းခွဲခဲ့တဲ့ နည်းပြမော်ရင်ဟိုဟာ လာမယ့်ရာသီမှာ အသင်းကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားနေတဲ့ ဖီနာဘာချီအသင်းရဲ့ နည်းပြသစ်အဖြစ်ကမ်းလှမ်းချက်ကို လက်ခံခဲ့တာပါ။
ဖီနာဘာချီအသင်းရဲ့ ပရိသတ်တစ်ထောင်ကျော်က နည်းပြသစ်ဖြစ်လာခဲ့တဲ့ မော်ရင်ဟိုကို လာရောက်ကြိုဆိုခဲ့ ကြသလို နည်းပြမော်ရင်ဟိုကလည်း အသင်းကို အောင်မြင်မှုတွေရရှိအောင် လုပ်ဆောင်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
နည်းပြမော်ရင်ဟိုက ပေါ်တို၊ အင်တာမီလန်၊ ချယ်လ်ဆီး၊ ရီးရဲလ်မက်ဒရစ်၊ ရိုးမားစတဲ့အသင်းတွေမှာ အောင်မြင်မှုတွေရရှိအောင် လုပ်ဆောင်ပေးခဲ့တဲ့ နည်းပြတစ်ယောက်ဖြစ်တာကြောင့် ဖီနာဘာချီအသင်းကို တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ အသင်းပရိသတ်တွေက ယုံကြည်နေကြပါတယ်။