ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ပါတီတြင္းေဆြးေႏြးပြဲက်င္းပ

ေမ ၃၀၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီသည္ အပတ္စဥ္ဗုဒၶဟူးေန႔ နံနက္တိုင္းတြင္ ပါတီတြင္းေဆြးေႏြးပြဲတစ္ရပ္ကို ျပဳလုပ္လ်က္ရွိရာ ယေန႔ ၂၀၂၄ ခုႏွစ္၊ ေမလ (၃၀)ရက္ေန႔ နံနက္ ၀၉၃၀ အခ်ိန္တြင္ “စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ ေဆာင္ရြက္ခ်က္မ်ား” ေခါင္းစဥ္ျဖင့္ ပါတီဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာပြင့္ဆန္းမွ ဦးေဆာင္ေဆြးေႏြးခဲ့ပါသည္။
အဆိုပါ ေဆြးေႏြးခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ တက္ေရာက္လာၾကသည့္ ဗဟိုအလုပ္အမႈေဆာ္ေကာ္မတီဝင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ားက ျပန္လည္ေဆြးေႏြးခဲ့ၿပီး ပါတီဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္းႏွင့္ ဦးလွထြန္းတို႔က လိုအပ္သည္မ်ားအား ျဖည့္စြက္ေဆြးေႏြးေပးခဲ့ပါသည္။
ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီက နိဂုံးခ်ဳပ္အေနျဖင့္ ေဆြးေႏြးပြဲက်င္းပရျခင္း အေၾကာင္းအရင္း၊ ဆက္လက္ေဆာင္ရြက္သြားမည့္ ေဆြးေႏြးပြဲမ်ား၊ ေဆာင္ရြက္မည့္ပုဂၢိဳလ္မ်ားတြင္ ရွိသင့္ရွိရမည့္ အရည္အခ်င္းမ်ားႏွင့္ ေဆြးေႏြးပြဲႏွင့္စပ္လ်ဥ္းသည့္ လိုအပ္ခ်က္မ်ားအား မွာၾကားေဆြးေႏြးၿပီး ေန႔လည္ ၁၂၃၀ အခ်ိန္တြင္ ေဆြးေႏြးပြဲ ၿပီးေျမာက္ခဲ့ပါသည္။
အဆိုပါ ပါတီတြင္းေဆြးေႏြးပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ပါတီဌာနခ်ဳပ္မႉးႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ပါသည္။

======

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီတွင်းဆွေးနွေးပွဲကျင်းပ

မေ ၃၀၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အပတ်စဉ်ဗုဒ္ဓဟူးနေ့ နံနက်တိုင်းတွင် ပါတီတွင်းဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်လျက်ရှိရာ ယနေ့ ၂၀၂၄ ခုနှစ်၊ မေလ (၃၀)ရက်နေ့ နံနက် ၀၉၃၀ အချိန်တွင် “စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ” ခေါင်းစဉ်ဖြင့် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်းမှ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသည့် ဗဟိုအလုပ်အမှုဆော်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များက ပြန်လည်ဆွေးနွေးခဲ့ပြီး ပါတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်းနှင့် ဦးလှထွန်းတို့က လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပေးခဲ့ပါသည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက နိဂုံးချုပ်အနေဖြင့် ဆွေးနွေးပွဲကျင်းပရခြင်း အကြောင်းအရင်း၊ ဆက်လက်ဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊ ဆောင်ရွက်မည့်ပုဂ္ဂိုလ်များတွင် ရှိသင့်ရှိရမည့် အရည်အချင်းများနှင့် ဆွေးနွေးပွဲနှင့်စပ်လျဉ်းသည့် လိုအပ်ချက်များအား မှာကြားဆွေးနွေးပြီး နေ့လည် ၁၂၃၀ အချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ပါသည်။
အဆိုပါ ပါတီတွင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ပါတီဌာနချုပ်မှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။