

=========

ဟန်ဆီဖလစ်ကို ဘာစီလိုနာအသင်း နည်းပြသစ်ခန့်

စပိန်ကလပ် ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂျာမနီနည်းပြဟောင်း ဟန်ဆီဖလစ်ကို နည်းပြသစ် အဖြစ်ခန့်အပ်လိုက်တယ်လို့ မေလ(၂၉)ရက်နေ့မှာ တရားဝင်ကြေညာသွားခဲ့ပါတယ်။ ဟန်ဆီဖလစ်ဟာ ဂျာမနီ လက်ရွေးစင်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ (၂၀၂၃)ခုနှစ်၊ စက်တင်ဘာလတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းချက်ကို ပထမဆုံးအကြိမ်လက်ခံခဲ့တာပါ။
ဘာစီလိုနာအသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင် ခဲ့တာက ဂုဏ်ယူစရာကောင်းသလို အသင်းကလည်း အတွေ့အကြုံရှိတဲ့ ကစားသမားတွေ၊ လူငယ်တွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားတာကြောင့် အသင်းကိုတိုးတက်လာအောင် လုပ်ဆောင် ပေးသွားမယ်လို့ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ဟန်ဆီဖလစ်ကပြောပါတယ်။ နည်းပြဟန်ဆီဖလစ် ဟာ ဘာစီလိုနာအသင်းနဲ့(၂)နှစ် စာချုပ်ချုပ်ဆိုခဲ့တာလို့ ဘာစီလိုနာအသင်းက တရားဝင်ကြေညာခဲ့ပါတယ်။