NATO တပ္ဖြဲက ႐ု႐ုားအေပၚ န်ဴးကလီယားတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ရန္ျပင္ဆင္ေနဟုဆို

NATO တပ္ဖြဲ႕ဝင္နိုင္ငံမ်ားသည္ ႐ုရွာနိုင္ငံအေပၚ န်ဴးကလီယားတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ရန္ ျပင္ဆင္ေနေၾကာင္း ႐ုရွားထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးတစ္ဦးက အသိေပးထားသည္။

႐ုရွားေထာက္လွမ္းေရးတပ္ဖြဲ႕ ဒုတိယညႊန္ၾကားေရးမႉးႏွင့္ နယ္ျခားေစာင့္တပ္ဖြဲ႕ တပ္မႉး ဗလာဒီမာကူလီေရွာ့ က ၎တို႔တပ္ဖြဲ႕အေနျဖင့္ရင္ဆိုင္ရန္ ျပင္ဆင္မႈမ်ားလုပ္ေနသည့္ ၿခိမ္းေျခာက္မႈမ်ားႏွင့္ပ တ္သက္၍ ယခုကဲ့သို႔ ေျပာဆိုျခင္း ျဖစ္သည္။

“NATO တပ္ဖြဲ႕အေနနဲ႔ ႐ုရွားနယ္စပ္မွာ ေထာက္လွမ္းေရးလုပ္မႈေတြက ျမင့္တက္လာပါတယ္။ သူတို႔က စစ္ေရးေလ့က်င့္မႈေတြကိုလည္း တိုးျမႇင့္လုပ္ေဆာင္ေနပါတယ္။ အဲဒီလိုစစ္ေရးေလ့က်င့္မႈ ေတြထဲမွာ ႐ုရွားနယ္ေၿမ အေပၚ န်ဴးကလီးယားတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ရန္ျပင္ဆင္ေနမႈမ်ားလည္း ပါဝင္ေနပါတယ္” ဟု ၎က ေမလ ၂၈ ရက္တြင္ ေျပာသည္။

NATO တပ္ဖြဲ႕က န်ဴကလီးယားလက္နက္ပိုင္ဆိုင္မႈမရွိေသာ နိုင္ငံမ်ား၌ န်ဴကလီးယားလက္နက္မ်ား သိုေလွာင္သိမ္းဆည္းထားမႈအေပၚ ႐ုရွားကျပင္းထန္စြာ ေဝဖန္ထားၿပီးျဖစ္သည္။ ထို႔ျပင္ စစ္ေရးေလ့က်င့္ခန္းမ်ား လုပ္ေဆာင္ရာတြင္ န်ဴကလီးယားလက္နက္မ်ားကို မည္ကဲ့သို႔ျဖန႔္ၾကက္အသုံးမည္ႏွင့္ ေလ့က်င့္ခန္း၌ အိမ္ရွင္နိုင္ငံမ်ားက ပါဝင္ျခင္းမရွိမႈအေပၚ ႐ုရွားနိုင္ငံက စိုးရိမ္ ေနျခင္းျဖစ္သည္။

အလားတူ အေမရိကန္ဦးေဆာင္ေသာ NATO တပ္ဖြဲ႕၏ လႈပ္ရွားမႈမ်ားသည္ ႐ုရွားနိုင္ငံကို တိုက္ရိုက္ဦးတည္ေနသည္ဟု ႐ုရွားနိုင္ငံျခားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ကတည္းက သတိေပးထားသည္။

ယခုအခါ ႐ုရွားသမၼတ ဗလာဒီမာပူတင္ က မဟာဗ်ဴဟာေျမာက္မဟုတ္ေသာ န်ဴကလီးယားလက္နက္မ်ား၏ စြမ္းရည္ကို သိရွိနိုင္ေစေရးအတြက္ စမ္းသပ္မႈမ်ားလုပ္ေဆာင္ရန္ ညႊန္ၾကားထားသည္။

=======

NATO တပ်ဖွဲက ရုရုားအပေါ် နျူးကလီယားတိုက်ခိုက်မှုများ လုပ်ဆောင်ရန်ပြင်ဆင်နေဟုဆို

NATO တပ်ဖွဲ့ဝင်နိုင်ငံများသည် ရုရှာနိုင်ငံအပေါ် နျူးကလီယားတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက အသိပေးထားသည်။

ရုရှားထောက်လှမ်းရေးတပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူးနှင့် နယ်ခြားစောင့်တပ်ဖွဲ့ တပ်မှူး ဗလာဒီမာကူလီရှော့ က ၎င်းတို့တပ်ဖွဲ့အနေဖြင့်ရင်ဆိုင်ရန် ပြင်ဆင်မှုများလုပ်နေသည့် ခြိမ်းခြောက်မှုများနှင့်ပ တ်သက်၍ ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

“NATO တပ်ဖွဲ့အနေနဲ့ ရုရှားနယ်စပ်မှာ ထောက်လှမ်းရေးလုပ်မှုတွေက မြင့်တက်လာပါတယ်။ သူတို့က စစ်ရေးလေ့ကျင့်မှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်နေပါတယ်။ အဲဒီလိုစစ်ရေးလေ့ကျင့်မှု တွေထဲမှာ ရုရှားနယ်မြေ အပေါ် နျူးကလီးယားတိုက်ခိုက်မှုများ လုပ်ဆောင်ရန်ပြင်ဆင်နေမှုများလည်း ပါဝင်နေပါတယ်” ဟု ၎င်းက မေလ ၂၈ ရက်တွင် ပြောသည်။

NATO တပ်ဖွဲ့က နျူကလီးယားလက်နက်ပိုင်ဆိုင်မှုမရှိသော နိုင်ငံများ၌ နျူကလီးယားလက်နက်များ သိုလှောင်သိမ်းဆည်းထားမှုအပေါ် ရုရှားကပြင်းထန်စွာ ဝေဖန်ထားပြီးဖြစ်သည်။ ထို့ပြင် စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ရာတွင် နျူကလီးယားလက်နက်များကို မည်ကဲ့သို့ဖြန့်ကြက်အသုံးမည်နှင့် လေ့ကျင့်ခန်း၌ အိမ်ရှင်နိုင်ငံများက ပါဝင်ခြင်းမရှိမှုအပေါ် ရုရှားနိုင်ငံက စိုးရိမ် နေခြင်းဖြစ်သည်။

အလားတူ အမေရိကန်ဦးဆောင်သော NATO တပ်ဖွဲ့၏ လှုပ်ရှားမှုများသည် ရုရှားနိုင်ငံကို တိုက်ရိုက်ဦးတည်နေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ကတည်းက သတိပေးထားသည်။

ယခုအခါ ရုရှားသမ္မတ ဗလာဒီမာပူတင် က မဟာဗျူဟာမြောက်မဟုတ်သော နျူကလီးယားလက်နက်များ၏ စွမ်းရည်ကို သိရှိနိုင်စေရေးအတွက် စမ်းသပ်မှုများလုပ်ဆောင်ရန် ညွှန်ကြားထားသည်။