

==========

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်ကိုကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၄၁)ကြိမ်မြောက် ICAPP အမြဲတမ်းကော်မတီဝင်အစည်းအဝေးနှင့် ဒုတိယအကြိမ်မြောက် ICAPP Bussiness Council အစည်းအဝေးများတက်ရောက်
****************

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်ကိုကို ဦးဆောင်သော အဖွဲ့ဝင်(၅)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၄ ခုနှစ်၊ မေလ (၂၇)ရက်နေ့မှ (၃၀)ရက်နေ့ထိ ကျင်းပသည့် (၄၁)ကြိမ်မြောက် ICAPP အမြဲတမ်းကော်မတီဝင်အစည်းအဝေးနှင့် ဒုတိယအကြိမ်မြောက် ICAPP Bussiness Council အစည်းအဝေးများတက်ရောက်ရန် ၂၇-၅-၂၀၂၄ ရက်နေ့ ၀၇၃၅ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်အမှတ်၊ 8M 335 ဖြင့် ထွက်ခွာသွားခဲ့ကြပါသည်။
ထိုသို့ ပါတီကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင်များနှင့် နိုင်ငံတကာရေးရာကော်မတီမှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။