အမွိုက္သရိုက္ အညစ္အေၾကးေတြပါဝင္တဲ့ မိုးပ်ံပူေဖာင္းေတြ ေျမာက္ကိုရီးယားဘက္ကေန က်လာတာေၾကာင့္ ေတာင္ကိုရီးယားအစိုးရ သတိေပးခ်က္ ထုတ္

အမွိုက္သရိုက္ေတြ၊ မစင္ေတြ အပါအဝင္ အရာဝတၳဳ႕ပစၥည္းမ်ားစြာ ခ်ိတ္ဆြဲထားတဲ့ မိုးပ်ံပူေဖာင္း ၉၀ ေက်ာ္ ေတြ႕ရွိခဲ့တယ္ဆိုတဲ့ မီဒီယာသတင္းေတြ ထြက္လာၿပီးေနာက္ ေျမာက္ကိုရီးယားနိုင္ငံအနီး နယ္စပ္မွာ ေနထိုင္သူေတြကို ေတာင္ကိုရီးယားအစိုးရက သတိေပးခ်က္ထုတ္ျပန္ခဲ့ပါတယ္။
ေျမာက္ကိုရီးယားဘက္က လႊတ္တင္လိုက္တာလို႔ ယုံၾကည္ရတဲ့ အမ်ိဳးအမည္မသိ အရာဝတၳဳ႕ေတြကို လုံျခဳံေရးထူထပ္တဲ့ နယ္စပ္အနီးမွာ ေတြ႕ရွိခဲ့ရေၾကာင္း၊ ျပည္သူေတြအေနနဲ႔ ယင္းအရာေတြနဲ႔ ေဝးေဝးေနၾကဖို႔၊ ဒါေတြနဲ႔ ပတ္သက္ၿပီး စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ထံ သတင္းပို႔ၾကဖို႔ ေတာင္ကိုရီးယားစစ္တပ္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ဗုဒၶဟူးေန႔(ေမ ၂၉) မွာ မိုးပ်ံပူးေဖာင္း ၉၀ ေက်ာ္ ေတြ႕ရွိခဲ့ၿပီး တစ္ခ်ိဳ႕ ပူေဖာင္းေတြက ေျမျပင္ကို က်ခဲ့ကာ က်န္တာေတြကေတာ့ ေလထဲမွာ ပ်ံဝဲေနဆဲျဖစ္တယ္လို႔ စစ္တပ္သတင္းရင္းျမစ္ကို ကိုးကားၿပီး ယြန္ဟပ္သတင္း႒ာနက ေဖာ္ျပခဲ့ပါတယ္။
ေတာင္ကိုရီးယား မီဒီယာေတြမွာ ေဖာ္ျပခဲ့တဲ့ ဓါတ္ပုံေတြမွာ ပလပ္စတစ္အိတ္တစ္ခု ခ်ိတ္ဆြဲထားတဲ့ အျဖဴေရာင္ ေလျပည့္မိုးပ်ံပူေဖာင္းတစ္လုံးကိုေတြ႕ရသလို အျခားပုံမွာေတာ့ က်သြားခဲ့တဲ့ မိုးပ်ံပူေဖာင္းတစ္လုံးရဲ့ဝန္းက်င္မွာ အမွိုက္သရိုက္ေတြ ျပန႔္က်ဲေနခဲ့တာ ေတြ႕ရပါတယ္။
ေတာင္ကိုရီးယား တက္ႂကြလႈပ္ရွားသူေတြဟာ ေျမာက္ကိုရီးယားေခါင္းေဆာင္ပိုင္းကို ေဝဖန္ထားတဲ့ လက္ကမ္းစာေစာင္ေတြနဲ႔ ေကေပါ့ပ္ဂီတဗီဒီယိုေတြပါဝင္တဲ့ USB မမ္မိုရီစတစ္ေတြ ပါဝင္ေသာ မိုးပ်ံပူေဖာင္းေတြကို ေျမာက္ကိုရီးယားဘက္သို႔ လႊတ္တင္ေနခဲ့တာ ႏွစ္မ်ားစြာၾကာၿပီျဖစ္ပါတယ္။
Ref: The Straits Times

=========

အမှိုက်သရိုက် အညစ်အကြေးတွေပါဝင်တဲ့ မိုးပျံပူဖောင်းတွေ မြောက်ကိုရီးယားဘက်ကနေ ကျလာတာကြောင့် တောင်ကိုရီးယားအစိုးရ သတိပေးချက် ထုတ်

အမှိုက်သရိုက်တွေ၊ မစင်တွေ အပါအဝင် အရာဝတ္ထု့ပစ္စည်းများစွာ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်း ၉၀ ကျော် တွေ့ရှိခဲ့တယ်ဆိုတဲ့ မီဒီယာသတင်းတွေ ထွက်လာပြီးနောက် မြောက်ကိုရီးယားနိုင်ငံအနီး နယ်စပ်မှာ နေထိုင်သူတွေကို တောင်ကိုရီးယားအစိုးရက သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားဘက်က လွှတ်တင်လိုက်တာလို့ ယုံကြည်ရတဲ့ အမျိုးအမည်မသိ အရာဝတ္ထု့တွေကို လုံခြုံရေးထူထပ်တဲ့ နယ်စပ်အနီးမှာ တွေ့ရှိခဲ့ရကြောင်း၊ ပြည်သူတွေအနေနဲ့ ယင်းအရာတွေနဲ့ ဝေးဝေးနေကြဖို့၊ ဒါတွေနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ထံ သတင်းပို့ကြဖို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့(မေ ၂၉) မှာ မိုးပျံပူးဖောင်း ၉၀ ကျော် တွေ့ရှိခဲ့ပြီး တစ်ချို့ ပူဖောင်းတွေက မြေပြင်ကို ကျခဲ့ကာ ကျန်တာတွေကတော့ လေထဲမှာ ပျံဝဲနေဆဲဖြစ်တယ်လို့ စစ်တပ်သတင်းရင်းမြစ်ကို ကိုးကားပြီး ယွန်ဟပ်သတင်းဋ္ဌာနက ဖော်ပြခဲ့ပါတယ်။
တောင်ကိုရီးယား မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေမှာ ပလပ်စတစ်အိတ်တစ်ခု ချိတ်ဆွဲထားတဲ့ အဖြူရောင် လေပြည့်မိုးပျံပူဖောင်းတစ်လုံးကိုတွေ့ရသလို အခြားပုံမှာတော့ ကျသွားခဲ့တဲ့ မိုးပျံပူဖောင်းတစ်လုံးရဲ့ဝန်းကျင်မှာ အမှိုက်သရိုက်တွေ ပြန့်ကျဲနေခဲ့တာ တွေ့ရပါတယ်။
တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတွေဟာ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းကို ဝေဖန်ထားတဲ့ လက်ကမ်းစာစောင်တွေနဲ့ ကေပေါ့ပ်ဂီတဗီဒီယိုတွေပါဝင်တဲ့ USB မမ်မိုရီစတစ်တွေ ပါဝင်သော မိုးပျံပူဖောင်းတွေကို မြောက်ကိုရီးယားဘက်သို့ လွှတ်တင်နေခဲ့တာ နှစ်များစွာကြာပြီဖြစ်ပါတယ်။
Ref: The Straits Times