ပထမဆုံးဥေရာပခ်န္ပီယံျဖစ္လာတဲ့ ဂရိကလပ္ အိုလံပီယာကိုစ့္

ၿပီးခဲ့တဲ့ညမွာကစားခဲ့တဲ့ ယူရိုပါကြန္ဖရန႔္လိဂ္ဗိုလ္လုပြဲမွာေတာ့ အိုလံပီယာကိုစ့္က ဖီအိုရင္တီးနားကို တစ္ဂိုး ဂိုးမရွိနဲ႔ အနိုင္ယူၿပီး ဥေရာပၿပိဳင္ပြဲတစ္ရပ္မွာ ပထမဆုံးအႀကိမ္ဗိုလ္စြဲတဲ့ ဂရိကလပ္အသင္းအျဖစ္ မွတ္တမ္းသစ္ေရးထိုးသြားနိုင္ခဲ့ၿပီျဖစ္ပါတယ္။ သာမန္ပြဲကစားခ်ိန္ မိနစ္ ၉၀ အတြင္း အနိုင္အရႈံးမေပၚခဲ့တာေၾကာင့္ အခ်ိန္ပို ဆက္ကစားခဲ့ရကာ ပြဲၿပီးခါနီး ၁၁၆ မိနစ္အေရာက္မွာေတာ့ အိုလံပီယာကိုစ့္တိုက္စစ္မႉး အယ္လ္ ခါဘီက အနိုင္ဂိုးသြင္းသြားေပးခဲ့တာျဖစ္ပါတယ္။ အိုလံပီယာေကာ့စ္အသင္းက အသင္းသမိုင္းတစ္ေလၽွာက္ ပထမဆုံး ဥေရာပဖလား ဆြတ္ခူးျခင္းျဖစ္ပါတယ္။ ဖီအိုရင္တီးနားအသင္ကလည္း ကြန္းဖရန႔္လိဂ္ ဗိုလ္လုပြဲ ႏွစ္ႀကိမ္ဆက္ ဒုတိယႏွင့္သာ ေက်နပ္ခဲ့ရပါတယ္။

=========

ပထမဆုံးဥရောပချန်ပီယံဖြစ်လာတဲ့ ဂရိကလပ် အိုလံပီယာကိုစ့်

ပြီးခဲ့တဲ့ညမှာကစားခဲ့တဲ့ ယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲမှာတော့ အိုလံပီယာကိုစ့်က ဖီအိုရင်တီးနားကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ဥရောပပြိုင်ပွဲတစ်ရပ်မှာ ပထမဆုံးအကြိမ်ဗိုလ်စွဲတဲ့ ဂရိကလပ်အသင်းအဖြစ် မှတ်တမ်းသစ်ရေးထိုးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း အနိုင်အရှုံးမပေါ်ခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရကာ ပွဲပြီးခါနီး ၁၁၆ မိနစ်အရောက်မှာတော့ အိုလံပီယာကိုစ့်တိုက်စစ်မှူး အယ်လ် ခါဘီက အနိုင်ဂိုးသွင်းသွားပေးခဲ့တာဖြစ်ပါတယ်။ အိုလံပီယာကော့စ်အသင်းက အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဥရောပဖလား ဆွတ်ခူးခြင်းဖြစ်ပါတယ်။ ဖီအိုရင်တီးနားအသင်ကလည်း ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲ နှစ်ကြိမ်ဆက် ဒုတိယနှင့်သာ ကျေနပ်ခဲ့ရပါတယ်။