ျမန္မာနိုင္ငံအေပၚ အေရးယူပိတ္ဆို႔မႈ (Sanctions) မ်ားအား ကန္႔ကြက္ရႈတ္ခ်သည့္အေရးႏွင့္ ပတ္သက္ၿပီး နိုင္ငံေရးပါတီမ်ားေတြ႕ဆုံေဆြးေႏြး

ေမ ၂၉၊ ရန္ကုန္

ျမန္မာနိုင္ငံအေပၚ အေရးယူပိတ္ဆို႔မႈ (Sanctions) မ်ားအား လက္သင့္မခံေၾကာင္းႏွင့္ ဆန္႔က်င္ကန္႔ကြက္ရႈတ္ခ်ေၾကာင္း အေရးကိစၥႏွင့္ပတ္သက္ၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီအပါအဝင္ နိုင္ငံေရးပါတီ (၂၅)ပါတီ ပါဝင္ေသာ ေတြ႕ဆုံေဆြးေႏြးပြဲကို ၂၀၂၄ ခုႏွစ္၊ ေမလ (၂၈)ရက္ေန႔၊ နံနက္ ၁၀၀၀ နာရီအခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ မင္းဓမၼလမ္းတြင္ရွိေသာ MCC ခန္းမ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။
ေဆြးေႏြးပြဲတြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီက “အင္အားႀကီးနိုင္ငံအခ်ိဳ႕ ႏွင့္ ကမၻာ့အဖြဲ႕အစည္းအခ်ိဳ႕တို႔မွ ကမၻာ့မိသားစုဝင္ နိုင္ငံျဖစ္တဲ့ မိမိတို႔နိုင္ငံအေပၚ စာနာမႈ၊ ကူညီမႈ၊ ေစာင့္ေရွာက္ေပးမႈမရွိပဲ နိုင္ငံေတာ္မွ ႀကိဳးပမ္းေဆာင္ရြက္ေနတဲ့ ေရွ႕လုပ္ငန္းစဥ္ (၅)ရပ္ကို ေႏွာင့္ေႏွးရပ္တန္႔ေစရန္၊ လြတ္လပ္၍ တရားမၽွတေသာ ေရြးေကာက္ပြဲတစ္ရပ္ ျဖစ္ထြန္းေပၚေပါက္ေစေရး အခင္းအက်င္းကို ပ်က္စီးေစရန္ႏွင့္ နိုင္ငံေရး/စီးပြားေရး/ျပည္သူလူထု အၾကပ္အတည္းျဖစ္ေစရန္ နည္းလမ္းမ်ိဳးစုံျဖင့္ အေရးယူပိတ္ဆို႔မႈ (Sanctions) မ်ား ျပဳလုပ္လာတာကို ေတြ႕ရွိရပါေၾကာင္း၊ အဆိုပါပိတ္ဆို႔မႈမ်ားအား မိမိတို႔လက္မခံပါေၾကာင္း၊ အျမန္ဆုံးျပန္လည္႐ုတ္သိမ္းေပးၾကရန္ႏွင့္ ကမၻာ့နိုင္ငံမ်ားကလည္း အက်ိဳးသက္ေရာက္မႈ အေျခအေနအမွန္ကို မူတည္စဥ္းစား၍ ဝိုင္းဝန္ကူညီၾကရန္ႏွင့္ ျမန္မာနိုင္ငံအေပၚ အေရးယူပိတ္ဆို႔မႈ (Sanctions) မ်ားအား လုံးဝ(လုံးဝ)လက္မခံ ဆန္႔က်င္ကန္႔ကြက္ရႈတ္ခ်ေၾကာင္း နိုင္ငံေရးပါတီမ်ား ပူးတြဲသေဘာထားထုတ္ျပန္ခ်က္ တစ္ခုကိုလည္း ထုတ္ျပန္မည္ျဖစ္ေၾကာင္း” ေဆြးေႏြးခဲ့ပါသည္။
ထိုေနာက္ တက္ေရာက္လာေသာ နိုင္ငံေရးပါတီမ်ားက နိုင္ငံႏွင့္ပတ္သက္သည့္ အေရးယူပိတ္ဆို႔မႈ (Sanctions)မ်ားအား လက္မခံနိုင္ပါေၾကာင္း၊ ပူးတြဲသေဘာထားထုတ္ျပန္ခ်က္ကိုလည္း သေဘာတူပါေၾကာင္းႏွင့္ နိုင္ငံေရးပါတီမ်ားအေနျဖင့္ မတူညီၾကေသာ္လည္း ညီညြတ္စြာျဖင့္ နိုင္ငံေတာ္၏အက်ိဳး ျပည္သူလူထု၏အက်ိဳးအတြက္ ပူးတြဲေဆာင္ရြက္နိုင္ေသာ နိုင္ငံေရးလုပ္ငန္းစဥ္မ်ားအား ဆက္လက္လုပ္ေဆာင္သြားၾကမည္ျဖစ္ေၾကာင္း ရင္းႏွီးေႏြးေထြးစြာ ေဆြးေႏြးခဲ့ၾကပါသည္။ ၄င္းေနာက္ ျမန္မာ-အဂၤလိပ္ ႏွစ္ဘာျဖင့္ ပူးတြဲထုတ္ျပန္မည့္ ထုတ္ျပန္ခ်က္အား ဖတ္ၾကားတင္ျပၿပီး ေန႔လည္ ၁၂၃၀ အခ်ိန္တြင္ ေဆြးေႏြးပြဲ ၿပီးေျမာက္ခဲ့ပါသည္။
အဆိုပါ နိုင္ငံေရးပါတီမ်ား ေတြ႕ဆုံေဆြးေႏြးပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္း၊ ဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြး၊ ဗဟိုအလုပ္အမႈေဆာင္မ်ားျဖစ္ၾကသည့္ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုး၊ ဦးေမာင္ျမင့္၊ ေဒါက္တာေအာင္ျမတ္ဦး၊ နိုင္ငံေရးပါတီ (၂၅)ပါတီမွ ပါတီဥကၠ႒မ်ား၊ ဒုတိယဥကၠ႒၊မ်ား၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ား၊ ဖိတ္ၾကားထားေသာ နိုင္ငံျခားသံ႐ုံးမ်ားမွ သံတမန္အရာရွိမ်ား၊ ေရြးေကာက္ပြဲေကာက္မရွင္မွ တာဝန္ရွိသူမ်ား၊ NGO အဖြဲ႕အစည္းအခ်ိဳ႕မွ တက္ေရာက္ေလ့လာၾကသူမ်ား၊ သတင္းစာဆရာမ်ားအဖြဲ႕၊ ရန္ကုန္တိုင္းေဒသႀကီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ တာဝန္ရွိသူမ်ားႏွင့္ စိတ္ပါဝင္စားသူမ်ားလည္း ေလ့လာသူအျဖစ္ တက္ေရာက္ခဲ့ၾကပါသည္။

=========

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု (Sanctions) များအား ကန့်ကွက်ရှုတ်ချသည့်အရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေး

မေ ၂၉၊ ရန်ကုန်

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု (Sanctions) များအား လက်သင့်မခံကြောင်းနှင့် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း အရေးကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၂၅)ပါတီ ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ မေလ (၂၈)ရက်နေ့၊ နံနက် ၁၀၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းတွင်ရှိသော MCC ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက “အင်အားကြီးနိုင်ငံအချို့ နှင့် ကမ္ဘာ့အဖွဲ့အစည်းအချို့တို့မှ ကမ္ဘာ့မိသားစုဝင် နိုင်ငံဖြစ်တဲ့ မိမိတို့နိုင်ငံအပေါ် စာနာမှု၊ ကူညီမှု၊ စောင့်ရှောက်ပေးမှုမရှိပဲ နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်နေတဲ့ ရှေ့လုပ်ငန်းစဥ် (၅)ရပ်ကို နှောင့်နှေးရပ်တန့်စေရန်၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်စေရေး အခင်းအကျင်းကို ပျက်စီးစေရန်နှင့် နိုင်ငံရေး/စီးပွားရေး/ပြည်သူလူထု အကြပ်အတည်းဖြစ်စေရန် နည်းလမ်းမျိုးစုံဖြင့် အရေးယူပိတ်ဆို့မှု (Sanctions) များ ပြုလုပ်လာတာကို တွေ့ရှိရပါကြောင်း၊ အဆိုပါပိတ်ဆို့မှုများအား မိမိတို့လက်မခံပါကြောင်း၊ အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးကြရန်နှင့် ကမ္ဘာ့နိုင်ငံများကလည်း အကျိုးသက်ရောက်မှု အခြေအနေအမှန်ကို မူတည်စဥ်းစား၍ ဝိုင်းဝန်ကူညီကြရန်နှင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု (Sanctions) များအား လုံးဝ(လုံးဝ)လက်မခံ ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီများ ပူးတွဲသဘောထားထုတ်ပြန်ချက် တစ်ခုကိုလည်း ထုတ်ပြန်မည်ဖြစ်ကြောင်း” ဆွေးနွေးခဲ့ပါသည်။
ထိုနောက် တက်ရောက်လာသော နိုင်ငံရေးပါတီများက နိုင်ငံနှင့်ပတ်သက်သည့် အရေးယူပိတ်ဆို့မှု (Sanctions)များအား လက်မခံနိုင်ပါကြောင်း၊ ပူးတွဲသဘောထားထုတ်ပြန်ချက်ကိုလည်း သဘောတူပါကြောင်းနှင့် နိုင်ငံရေးပါတီများအနေဖြင့် မတူညီကြသော်လည်း ညီညွတ်စွာဖြင့် နိုင်ငံတော်၏အကျိုး ပြည်သူလူထု၏အကျိုးအတွက် ပူးတွဲဆောင်ရွက်နိုင်သော နိုင်ငံရေးလုပ်ငန်းစဥ်များအား ဆက်လက်လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ကြပါသည်။ ၄င်းနောက် မြန်မာ-အင်္ဂလိပ် နှစ်ဘာဖြင့် ပူးတွဲထုတ်ပြန်မည့် ထုတ်ပြန်ချက်အား ဖတ်ကြားတင်ပြပြီး နေ့လည် ၁၂၃၀ အချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ပါသည်။
အဆိုပါ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဦးမောင်မြင့်၊ ဒေါက်တာအောင်မြတ်ဦး၊ နိုင်ငံရေးပါတီ (၂၅)ပါတီမှ ပါတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌ၊များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဖိတ်ကြားထားသော နိုင်ငံခြားသံရုံးများမှ သံတမန်အရာရှိများ၊ ရွေးကောက်ပွဲကောက်မရှင်မှ တာဝန်ရှိသူများ၊ NGO အဖွဲ့အစည်းအချို့မှ တက်ရောက်လေ့လာကြသူများ၊ သတင်းစာဆရာများအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြပါသည်။