ေဆာ္ဒီပရိုလိဂ္တြင္ ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ စံခ်ိန္သစ္တင္ခဲ့တဲ့ စီေရာ္နယ္ဒို

ခရစၥတီယာနို ေရာ္နယ္ဒိုဟာ ေမ ၂၇ ရက္ မေန႔ညက ေဆာ္ဒီပရိုလိဂ္ပြဲစဥ္အျဖစ္ အယ္လ္နာဆာအသင္းနဲ႔ အယ္လ္အစ္တီဟဒ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ အနိုင္ဂိုး ၂ ဂိုး သြင္းယူၿပီး အခုႏွစ္ရာသီမွာ စုစုေပါင္း သြင္းဂိုး ၃၅ ဂိုးနဲ႔ ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ စံခ်ိန္သစ္ ထပ္တင္နိုင္ခဲ့ပါတယ္။

အသက္ ၃၉ ႏွစ္အရြယ္ အယ္လ္နာဆာတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ မေန႔ညပြဲစဥ္မွာ အယ္လ္အစ္တီဟဒ္ အသင္းဘက္ကို ပထမပိုင္း ၄၅ မိနစ္အၿပီး နာက်င္အခ်ိန္ပိုမွာ တဂိုး၊ ဒုတိယပိုင္း ပြဲခ်ိန္ ၆၉ မိနစ္မွာ ေခါင္းတိုက္ဂိုးတဂိုး သြင္းယူနိုင္ခဲ့ၿပီး ပြဲအၿပီးမွာ အယ္လ္နာဆာက ၄ ဂိုး ၂ ဂိုးနဲ႔ အနိုင္ရခဲ့တာပါ။

ဒီနိုင္ပြဲအၿပီးမွာ အယ္လ္နာဆာအသင္းဟာ အမွတ္ေပးဇယားမွာ ဒုတိယေနရာမွာ ရပ္တည္နိုင္ခဲ့ၿပီး ထိပ္ဆုံးက ခ်န္ပီယံ အယ္လ္ဟီလာအသင္းထက္ ၁၄ မွတ္ ေလ်ာ့နည္းခဲ့တာ ျဖစ္ၿပီး တတိယေနရာက အယ္လ္အာလီကို ၁၇ မွတ္ ျဖတ္ထားနိုင္ခဲ့ပါတယ္။

၂၀၂၃ ခုႏွစ္မွာ မန္ယူနိုက္တက္အသင္းကေန ထြက္ခြာၿပီးေနာက္ စီေရာ္နယ္ဒိုဟာ အယ္လ္နာဆာအသင္းအတြက္ ၿပိဳင္ပြဲစုံ ၆၉ ပြဲကစားခဲ့ၿပီး သြင္းဂိုးစုစုေပါင္း ၆၄ ဂိုး သြင္းယူနိုင္ခဲ့တာပါ။

စီေရာ္နယ္ဒိုဟာ သူ႔ရဲ့ ၂၂ ႏွစ္တာ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမား သက္တမ္းမွာ စေပါ့တင္းလစၥဘြန္း၊ မန္ယူနိုက္တက္၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္စ္ အသင္းေတြမွာလည္း ပါဝင္ကစားခဲ့ၿပီး စုစုေပါင္း ၇၆၅ ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။

၂၀၂၃-၂၄ ရာသီ ေဆာ္ဒီပရိုလိဂ္ၿပိဳင္ပြဲတြင္ အယ္လ္နာဆာအသင္းအတြက္ စံခ်ိန္တင္သြင္းဂိုး (၃၅)ဂိုးအထိ သြင္းယူခဲ့သည့္ ေပၚတူဂီ၀ါရင့္တိုက္စစ္မႉး စီေရာ္နယ္လ္ဒိုသည္ ေဘာလုံးသမိုင္းတစ္ေလၽွာက္ မတူညီသည့္ အမွတ္ေပးၿပိဳင္ပြဲ (၄)ခု (ပရီးမီးယားလိဂ္၊ လာလီဂါ၊ စီးရီးေအ၊ ေဆာ္ဒီ ပရိုလိဂ္)တြင္ ေရႊဖိနပ္ဆု ရယူနိုင္ေသာ ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

ဒါ့အျပင္ ေပၚတူဂီနိုင္ငံလက္ေရြးစင္အသင္း အတြက္လည္း ပြဲေပါင္း ၂၀၀ ေက်ာ္ ပါဝင္ကစားေပးခဲ့ၿပီး ဂိုးေပါင္း ၁၂၈ ဂိုး သြင္းေပးထားပါတယ္။

========

ဆော်ဒီပရိုလိဂ်တွင် ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်သစ်တင်ခဲ့တဲ့ စီရော်နယ်ဒို
ခရစ္စတီယာနို ရော်နယ်ဒိုဟာ မေ ၂၇ ရက် မနေ့ညက ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်နာဆာအသင်းနဲ့ အယ်လ်အစ်တီဟဒ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုး သွင်းယူပြီး အခုနှစ်ရာသီမှာ စုစုပေါင်း သွင်းဂိုး ၃၅ ဂိုးနဲ့ ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်သစ် ထပ်တင်နိုင်ခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်ဒိုဟာ မနေ့ညပွဲစဉ်မှာ အယ်လ်အစ်တီဟဒ် အသင်းဘက်ကို ပထမပိုင်း ၄၅ မိနစ်အပြီး နာကျင်အချိန်ပိုမှာ တဂိုး၊ ဒုတိယပိုင်း ပွဲချိန် ၆၉ မိနစ်မှာ ခေါင်းတိုက်ဂိုးတဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးမှာ အယ်လ်နာဆာက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ဒီနိုင်ပွဲအပြီးမှာ အယ်လ်နာဆာအသင်းဟာ အမှတ်ပေးဇယားမှာ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ထိပ်ဆုံးက ချန်ပီယံ အယ်လ်ဟီလာအသင်းထက် ၁၄ မှတ် လျော့နည်းခဲ့တာ ဖြစ်ပြီး တတိယနေရာက အယ်လ်အာလီကို ၁၇ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၆၉ ပွဲကစားခဲ့ပြီး သွင်းဂိုးစုစုပေါင်း ၆၄ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

စီရော်နယ်ဒိုဟာ သူ့ရဲ့ ၂၂ နှစ်တာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား သက်တမ်းမှာ စပေါ့တင်းလစ္စဘွန်း၊ မန်ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ် အသင်းတွေမှာလည်း ပါဝင်ကစားခဲ့ပြီး စုစုပေါင်း ၇၆၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

၂၀၂၃-၂၄ ရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် အယ်လ်နာဆာအသင်းအတွက် စံချိန်တင်သွင်းဂိုး (၃၅)ဂိုးအထိ သွင်းယူခဲ့သည့် ပေါ်တူဂီ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဘောလုံးသမိုင်းတစ်လျှောက် မတူညီသည့် အမှတ်ပေးပြိုင်ပွဲ (၄)ခု (ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဆော်ဒီ ပရိုလိဂ်)တွင် ရွှေဖိနပ်ဆု ရယူနိုင်သော  ပထမဆုံးကစားသမားအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

ဒါ့အပြင် ပေါ်တူဂီနိုင်ငံလက်ရွေးစင်အသင်း အတွက်လည်း ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစားပေးခဲ့ပြီး ဂိုးပေါင်း ၁၂၈ ဂိုး သွင်းပေးထားပါတယ်။