နည္းၿပ အူနိုင္းအမ္မရီကို ဗီလာ (၅)ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆို

ဗီလာအသင္းနည္းျပအူနိုင္းအမ္မရီဟာ အသင္းကိုလာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီးေနာက္ အသင္းနဲ႔(၅)ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ပါတယ္။ အသက္(၅၂)ႏွစ္အရြယ္အမ္မရီဟာ ၂၀၂၂ ေအာက္တိုဘာလမွာ ဗီလာအသင္းနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရၿပီးေနာက္ ပထမဆုံးရာသီမွာ အဆင့္(၇)ေနရာရရွိေအာင္ စြမ္းေဆာင္ေပးခဲ့သလို ၿပီးခဲ့တဲ့ရာသီက အဆင့္(၄)ေနရာနဲ႔ရာသီသိမ္းနိုင္ခဲ့ပါတယ္။ ဗီလာနည္းျပအမ္မရီက “ဒီအဆင့္နဲ႔ ဒီအသင္းကို တာဝန္ယူရတဲ့အတြက္ ကၽြန္ေတာ္အလြန္ေပ်ာ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ့အိပ္မက္ေတြကို အကန႔္အသတ္မရွိ ဒီခရီးကို ဆက္ေလၽွာက္ဖို႔ တကယ့္ကို စိတ္လႈပ္ရွားမိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

==========

နည်းပြ အူနိုင်းအမ်မရီကို ဗီလာ (၅)နှစ်စာချုပ်သစ်ချုပ်ဆို

ဗီလာအသင်းနည်းပြအူနိုင်းအမ်မရီဟာ အသင်းကိုလာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် အသင်းနဲ့(၅)နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။ အသက်(၅၂)နှစ်အရွယ်အမ်မရီဟာ ၂၀၂၂ အောက်တိုဘာလမှာ ဗီလာအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ပထမဆုံးရာသီမှာ အဆင့်(၇)နေရာရရှိအောင် စွမ်းဆောင်ပေးခဲ့သလို ပြီးခဲ့တဲ့ရာသီက အဆင့်(၄)နေရာနဲ့ရာသီသိမ်းနိုင်ခဲ့ပါတယ်။ ဗီလာနည်းပြအမ်မရီက “ဒီအဆင့်နဲ့ ဒီအသင်းကို တာဝန်ယူရတဲ့အတွက် ကျွန်တော်အလွန်ပျော်ပါတယ်။ ကျွန်တော်တို့ရဲ့အိပ်မက်တွေကို အကန့်အသတ်မရှိ ဒီခရီးကို ဆက်လျှောက်ဖို့ တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။