ဂရင္းဝုဒ္ကို ေခၚယူရန္ ေဒါ့တ္မြန္စိတ္ဝင္စား

ေဒါ့တ္မြန္အသင္းဟာ မန္ယူတိုက္စစ္ကစားသမားဂရင္းဝုဒ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔သိရပါတယ္။ စေနေန႔မွာ ရီးရဲလ္နဲ႔ကစားမယ့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲၿပီးေနာက္ ဂရင္းဝုဒ္ကို ေခၚယူဖို႔ ေဒါ့တ္မြန္အသင္း ဆက္သြယ္ဖြယ္ရွိပါတယ္။ အသက္(၂၂)ႏွစ္အရြယ္ဂရင္းဝုဒ္ဟာ ဂီတာေဖးအသင္းမွာ တစ္ရာသီၾကာအငွားနဲ႔ကစားခဲ့ၿပီးေနာက္ ယခုေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေရာက္ဖြယ္ရွိပါတယ္။ ဂီတာေဖးမွာကစားစဥ္ လာလီဂါ(၃၃)ပြဲမွာ (၈)ဂိုးသြင္းယူခဲ့တဲ့ ဂရင္းဝုဒ္ဟာ အသင္းရဲ့တစ္ႏွစ္တာအေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရပါတယ္။ လက္ရွိမွာ ဂရင္းဝုဒ္ကို ဂ်ဴဗင္တပ္နဲ႔ အက္သလက္တီကိုတို႔အျပင္ ေဒါ့တ္မြန္အသင္းကလည္း ေခၚယူဖို႔စိတ္ဝင္စားလာတာပါ။ ဂရင္းဝုဒ္ဟာ လက္ရွိမွာမန္ယူနဲ႔စာခ်ဳပ္သက္တမ္းက တစ္ႏွစ္က်န္ရွိေနပါေသးတယ္။ ဂ်ာမနီမီဒီယာေတြရဲ့ေဖာ္ျပခ်က္အရ ေဒါ့တ္မြန္ဟာ ဂရင္းဝုဒ္ကို အငွားစာခ်ဳပ္နဲ႔ေခၚယူဖို႔ စီစဥ္ထားပါတယ္။ ဒါေပမယ့္ စေနေန႔၊ ဝင္ဘေလကြင္းမွာ ရီးရဲလ္နဲ႔ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္မီ အစီအစဥ္အားလုံးကို ဆိုင္းငံ့ထားတယ္လို႔ ေဒါ့တ္မြန္အသင္းအားကစားဒါရိုက္တာ ဆီဘက္စတိန္းခါးလ္က ေျပာၾကားထားပါတယ္။

=======

ဂရင်းဝုဒ်ကို ခေါ်ယူရန် ဒေါ့တ်မွန်စိတ်ဝင်စား

ဒေါ့တ်မွန်အသင်းဟာ မန်ယူတိုက်စစ်ကစားသမားဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ စနေနေ့မှာ ရီးရဲလ်နဲ့ကစားမယ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးနောက် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ဒေါ့တ်မွန်အသင်း ဆက်သွယ်ဖွယ်ရှိပါတယ်။ အသက်(၂၂)နှစ်အရွယ်ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းမှာ တစ်ရာသီကြာအငှားနဲ့ကစားခဲ့ပြီးနောက် ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြန်လည်ရောက်ဖွယ်ရှိပါတယ်။ ဂီတာဖေးမှာကစားစဉ် လာလီဂါ(၃၃)ပွဲမှာ (၈)ဂိုးသွင်းယူခဲ့တဲ့ ဂရင်းဝုဒ်ဟာ အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ လက်ရှိမှာ ဂရင်းဝုဒ်ကို ဂျူဗင်တပ်နဲ့ အက်သလက်တီကိုတို့အပြင် ဒေါ့တ်မွန်အသင်းကလည်း ခေါ်ယူဖို့စိတ်ဝင်စားလာတာပါ။ ဂရင်းဝုဒ်ဟာ လက်ရှိမှာမန်ယူနဲ့စာချုပ်သက်တမ်းက တစ်နှစ်ကျန်ရှိနေပါသေးတယ်။ ဂျာမနီမီဒီယာတွေရဲ့ဖော်ပြချက်အရ ဒေါ့တ်မွန်ဟာ ဂရင်းဝုဒ်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် စနေနေ့၊ ဝင်ဘလေကွင်းမှာ ရီးရဲလ်နဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ အစီအစဉ်အားလုံးကို ဆိုင်းငံ့ထားတယ်လို့ ဒေါ့တ်မွန်အသင်းအားကစားဒါရိုက်တာ ဆီဘက်စတိန်းခါးလ်က ပြောကြားထားပါတယ်။