လာမည့္ေႏြရာသီတြင္ မန္စီးတီးမွ နည္းျပဂြါဒီယိုလာ ထြက္ခြာဖြယ္ရွိ

မန္စီးတီးနည္းျပဂြါဒီယိုလာဟာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ လာမယ့္ေႏြရာသီမွာ အသင္းကေန ထြက္ခြာဖြယ္ရွိပါတယ္။ လြန္ခဲ့တဲ့(၈)ႏွစ္ခန႔္က မန္စီးတီးကို ဂြါဒီယိုလာေရာက္ရွိလာခဲ့ၿပီးေနာက္ အသင္းကို ပရီးမီးယားလိဂ္ဖလား(၆)ႀကိမ္၊ အက္ဖ္ေအဖလား(၂)ႀကိမ္၊ လိဂ္ဖလား(၄)ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား(၁)ႀကိမ္ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။ ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းနည္းျပေဟာင္း ဂြါဒီယိုလာရဲ့မန္စီးတီးနဲ႔စာခ်ဳပ္သက္တမ္းဟာ ေနာက္ဆုံးႏွစ္ထဲကို ေရာက္ရွိေနၿပီး အသင္းတာဝန္ရွိသူေတြက စာခ်ဳပ္သက္တမ္းတိုးဖို႔ ဆႏၵရွိေနပါတယ္။ ဒါေပမယ့္ နည္းျပဂြါဒီယိုလာအေနနဲ႔ လာမယ့္ရာသီအကုန္မွာ အသင္းကေန ထြက္ခြာဖို႔ေရြးခ်ယ္သြားမွာကို မန္စီးတီးအသင္း စိုးရိမ္ေနတယ္လို႔ ေဒးလီးေမးလ္က ေဖာ္ျပခဲ့ပါတယ္။

=======

လာမည့်နွေရာသီတွင် မန်စီးတီးမှ နည်းပြဂွါဒီယိုလာ ထွက်ခွာဖွယ်ရှိ

မန်စီးတီးနည်းပြဂွါဒီယိုလာဟာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိပါတယ်။ လွန်ခဲ့တဲ့(၈)နှစ်ခန့်က မန်စီးတီးကို ဂွါဒီယိုလာရောက်ရှိလာခဲ့ပြီးနောက် အသင်းကို ပရီးမီးယားလိဂ်ဖလား(၆)ကြိမ်၊ အက်ဖ်အေဖလား(၂)ကြိမ်၊ လိဂ်ဖလား(၄)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား(၁)ကြိမ်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း ဂွါဒီယိုလာရဲ့မန်စီးတီးနဲ့စာချုပ်သက်တမ်းဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီး အသင်းတာဝန်ရှိသူတွေက စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် နည်းပြဂွါဒီယိုလာအနေနဲ့ လာမယ့်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ရွေးချယ်သွားမှာကို မန်စီးတီးအသင်း စိုးရိမ်နေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။