ဘုရင္စနစ္ ေစ-ာ္ကာ-းမႈျဖင့္ ထိုင္း အတိုက္အခံအမတ္ ေထာင္၂ ႏွစ္ ခ်မွတ္ခံရ

ဘုရင္စနစ္ကို အသေရဖ်က္ေစာ္ကားမႈနဲ႔ အတိုက္အခံ အမတ္တစ္ဦးျဖစ္သူ ခၽြန္သစ္ခ်ာ ဂ်န္ဂ႐ူးကို ထိုင္း တရား႐ုံးတစ္ခုက ေမ ၂၇ ရက္မွာ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခဲ့တယ္လို႔ သူမရဲ့ ေရွ႕ေနျဖစ္သူက ေျပာဆိုပါတယ္။ သူမဟာ လြန္ခဲ့တဲ့ သုံးႏွစ္ခန႔္က အစိုးရဆန႔္က်င္ ဆႏၵျပပြဲတစ္ခုမွာ ေျပာၾကားခဲ့တဲ့ မိန႔္ခြန္းနဲ႔ ပတ္သက္ၿပီး အခုလို စြဲခ်က္တင္ စီရင္ခ်က္ ခ်ခံရတာျဖစ္ပါတယ္။
အသက္ ၃၁ ႏွစ္အရြယ္ မစၥ ခၽြန္သစ္ခ်ာကေတာ့ ဘုရင္စနစ္ ေစာ္ကားခဲ့တယ္ဆိုတဲ့ စြဲခ်က္ကို ျငင္းဆန္ခဲ့ၿပီး သူမေနနဲ႔ စီရင္ခ်က္ကို အယူခံဝင္နိုင္ဖို႔ရာ ျပစ္ဒဏ္ဆိုင္းငံ့ အာမခံရရွိခဲ့တယ္လို႔ ေရွ႕ေနျဖစ္သူ မာရီဆာ ပစ္ဆယာက ရိုက္တာကို ေျပာဆိုခဲ့ပါတယ္။ တရား႐ုံးကေတာ့ စီရင္ခ်က္နဲ႔ ပတ္သက္ၿပီး ေၾကညာခ်က္ ထုတ္ျပန္တာမ်ိဳး မရွိေသးပါဘူး။
ထို႔အတူ တက္ႂကြလႈပ္ရွားသူ ထိုင္း ဂီတသမားတစ္ဦးျဖစ္တဲ့ Chaiamom Kaewwiboonpan(၃၅ ႏွစ္) ဟာလည္း ဘုရင္ မဟာဝိဇယာေလာင္ကြန္းရဲ့ ပုံတူကို မီးရွို႔ခဲ့မႈ၊ အသေရဖ်က္မႈ၊ ကြန္ပ်ဴတာရာဇဝတ္မႈေတြမွာ အျပစ္ရွိေၾကာင္း အျခားတရား႐ုံးတစ္ခုကာ ဆုံးျဖတ္ကာ ေထာင္ဒဏ္ ၄ ႏွစ္ခ်မွတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။
ယင္းဥပေဒဟာ ကမၻာေပၚမွာ အတင္းၾကပ္ဆုံး ဥပေဒေတြထဲက တစ္ခုျဖစ္ၿပီး ထိုင္းနိုင္ငံရဲ့ ၾသဇာႀကီး ဘုရင္စနစ္ကို ေဝဖန္မႈေတြမွ အကာအကြယ္ေပးဖို႔ရာ ျပ႒ာန္းထားျခင္းျဖစ္ကာ ခ်ိဳးေဖာက္သူေတြအေနနဲ႔ ေထာင္ဒဏ္ ၁၅ ႏွစ္အထိ ခ်မွတ္ခံရနိုင္တာျဖစ္ပါတယ္။
မစၥ ခၽြန္သစ္ခ်ာဟာ ပါလီမန္မွာ အမတ္ေနရာအမ်ားစုရွိေနတဲ့ Move Forward ပါတီမွ လက္ရွိ အမတ္တစ္ဦးျဖစ္ပါတယ္။ သူမရဲ့ ပါတီကိုယ္တိုင္ဟာလည္း ေတာ္ဝင္ အသေရဖ်က္မႈ ဥပေဒကို ျပင္ဆင္မယ္ဆိုတဲ့ ယခင္က အစီအစဥ္တစ္ခုအတြက္ ဥပေဒေၾကာင္းအရ ရင္ဆိုင္တိုက္ပြဲဝင္ေနရၿပီး ယင္း အခ်က္ကို ပါတီရဲ့ ေၾကညာစာတမ္းမွ ျဖဳတ္ခ်ဖို႔ တရား႐ုံးက အမိန႔္ခ်ထားခဲ့ပါတယ္။
၂၀၂၀ ျပည့္ႏွစ္ကစလို႔ ဘုရင္စနစ္ အသေရဖ်က္မႈနဲ႔ စြဲခ်က္တင္ခံရသူ ၂၇၂ ဦးေက်ာ္ရွိေၾကာင္း လူ႔အခြင့္အေရးဆိုင္ရာ ထိုင္းေရွ႕ေနမ်ားအဖြဲ႕က ေျပာဆိုပါတယ္။
Ref: ST, ရိုက္တာ

=======

ဘုရင်စနစ် စေ-ာ်ကာ-းမှုဖြင့် ထိုင်း အတိုက်အခံအမတ် ထောင်၂ နှစ် ချမှတ်ခံရ

ဘုရင်စနစ်ကို အသရေဖျက်စော်ကားမှုနဲ့ အတိုက်အခံ အမတ်တစ်ဦးဖြစ်သူ ချွန်သစ်ချာ ဂျန်ဂရူးကို ထိုင်း တရားရုံးတစ်ခုက မေ ၂၇ ရက်မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တယ်လို့ သူမရဲ့ ရှေ့နေဖြစ်သူက ပြောဆိုပါတယ်။ သူမဟာ လွန်ခဲ့တဲ့ သုံးနှစ်ခန့်က အစိုးရဆန့်ကျင် ဆန္ဒပြပွဲတစ်ခုမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး အခုလို စွဲချက်တင် စီရင်ချက် ချခံရတာဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ် မစ္စ ချွန်သစ်ချာကတော့ ဘုရင်စနစ် စော်ကားခဲ့တယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆန်ခဲ့ပြီး သူမနေနဲ့ စီရင်ချက်ကို အယူခံဝင်နိုင်ဖို့ရာ ပြစ်ဒဏ်ဆိုင်းငံ့ အာမခံရရှိခဲ့တယ်လို့ ရှေ့နေဖြစ်သူ မာရီဆာ ပစ်ဆယာက ရိုက်တာကို ပြောဆိုခဲ့ပါတယ်။ တရားရုံးကတော့ စီရင်ချက်နဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ထို့အတူ တက်ကြွလှုပ်ရှားသူ ထိုင်း ဂီတသမားတစ်ဦးဖြစ်တဲ့ Chaiamom Kaewwiboonpan(၃၅ နှစ်) ဟာလည်း ဘုရင် မဟာဝိဇယာလောင်ကွန်းရဲ့ ပုံတူကို မီးရှို့ခဲ့မှု၊ အသရေဖျက်မှု၊ ကွန်ပျူတာရာဇဝတ်မှုတွေမှာ အပြစ်ရှိကြောင်း အခြားတရားရုံးတစ်ခုကာ ဆုံးဖြတ်ကာ ထောင်ဒဏ် ၄ နှစ်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ယင်းဥပဒေဟာ ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး ဥပဒေတွေထဲက တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ သြဇာကြီး ဘုရင်စနစ်ကို ဝေဖန်မှုတွေမှ အကာအကွယ်ပေးဖို့ရာ ပြဋ္ဌာန်းထားခြင်းဖြစ်ကာ ချိုးဖောက်သူတွေအနေနဲ့ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တာဖြစ်ပါတယ်။
မစ္စ ချွန်သစ်ချာဟာ ပါလီမန်မှာ အမတ်နေရာအများစုရှိနေတဲ့ Move Forward ပါတီမှ လက်ရှိ အမတ်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ပါတီကိုယ်တိုင်ဟာလည်း တော်ဝင် အသရေဖျက်မှု ဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ ယခင်က အစီအစဉ်တစ်ခုအတွက် ဥပဒေကြောင်းအရ ရင်ဆိုင်တိုက်ပွဲဝင်နေရပြီး ယင်း အချက်ကို ပါတီရဲ့ ကြေညာစာတမ်းမှ ဖြုတ်ချဖို့ တရားရုံးက အမိန့်ချထားခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်ကစလို့ ဘုရင်စနစ် အသရေဖျက်မှုနဲ့ စွဲချက်တင်ခံရသူ ၂၇၂ ဦးကျော်ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့က ပြောဆိုပါတယ်။
Ref: ST, ရိုက်တာ