ထြန္းမင္းေအာင္ ONE Friday Fight 65 တြင္ ႐ုရွားဖိုက္တာႏွင့္ ထိုးသတ္မည္

ျမန္မာ့ရိုးရာ လူငယ္လက္ေဝွ႕သမား ထြန္းမင္းေအာင္သည္ ONE Friday Fight 65 တြင္ ႐ုရွားဖိုက္တာ ဒီမီထရီခီရိဗ္ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္မည္ျဖစ္သည္။

ONE Friday Fight 65 ၿပိဳင္ပြဲကို ေမ (၃၁) တြင္ ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ လုမဏၰီအားကစား႐ုံတြင္ က်င္းပျပဳလုပ္မည္ျဖစ္သည္။

ယင္းၿပိဳင္ပြဲတြင္ တြဲဆိုင္း(၁၂) ဆိုင္း ပါဝင္မည္ျဖစ္ၿပီး ထြန္းမင္းေအာင္ႏွင့္ ခီရိဗ္တြဲဆိုင္းမွာ ပြဲစဥ္(၅) တြင္ ဖယ္သာဝိတ္တန္း (၅၇ ကီလို) ေမြထိုင္းအျဖစ္ ယွဥ္ၿပိဳင္ထိုးသတ္ရမည္ျဖစ္သည္။

ထြန္းမင္းေအာင္သည္ နာမည္ႀကီး ျမန္မာ့ရိုးရာလက္ေဝွ႕အေက်ာ္အေမာ္ ထြန္းထြန္းမင္း၏ ညီငယ္ျဖစ္ၿပီး အသက္ (၁၈)ႏွစ္သာရွိေသးသူျဖစ္သည္။

ထြန္းမင္းေအာင္သည္ အရပ္ (၅)ေပ၊ (၁၁) လက္မရွိသူ ျဖစ္ၿပီး ဘယ္သန္ကစားသမားျဖစ္သည္။

ထြန္းမင္းေအာင္သည္ ဂ်ပန္ဖိုက္တာ တိုခဲရွိႏွင့္ သေရက်ထားၿပီး ပထမတန္းရိုးရာလက္ေဝွ႕ေက်ာ္ ေအာင္ခိုင္ကို အနိုင္ရထားသူျဖစ္သည္။

ထြန္းမင္းေအာင္သည္ ၿပီးခဲ့သည့္ဇန္နဝါရီအတြင္းက ရန္ကုန္ၿမိဳ႕တြင္ျပဳလုပ္သည့္ ျမန္မာ- ထိုင္း ရိုးရာလက္ေဝွ႕ၿပိဳင္ပြဲတြင္ ထိုင္းနိုင္ငံသား ေမြထိုင္းဖိုက္တာ ပီသက္ကို အလဲထိုးျဖင့္ အနိုင္ရထားသည္။

ထြန္းမင္းေအာင္ႏွင့္ ထိုးသတ္မည့္ ႐ုရွားဖိုက္တာ ဒီမီထရီခီရိဗ္သည္ MMA (၃) ပြဲထိုးသတ္ထားရာ (၃) ပြဲစလုံး အနိုင္ရရွိထားၿပီး အလဲထိုးျဖင့္ (၁)ပြဲ၊ အမွတ္ ျဖင့္ (၂)ပြဲျဖစ္ေၾကာင္း သိရသည္။

ခီရိဗ္သည္ ေနာက္ဆုံးပြဲအျဖစ္ ၿပီးခဲ့သည့္ မတ္လအတြင္းက ၿပိဳင္ဘက္ကို အလဲထိုးျဖင့္ အနိုင္ရထားျခင္းျဖစ္သည္။

ခီရိဗ္သည္ ထြန္းမင္းေအာင္ကဲ့သို႔ပင္ ONE ႏွင့္ ပထမဆုံးအႀကိမ္ စတင္လက္တြဲထိုးသတ္လာသူျဖစ္ၿပီး ယခင္က Kickboxing ကစားဖူးသူျဖစ္သည္။

======

ထွန်းမင်းအောင် ONE Friday Fight 65 တွင် ရုရှားဖိုက်တာနှင့် ထိုးသတ်မည်

မြန်မာ့ရိုးရာ လူငယ်လက်ဝှေ့သမား ထွန်းမင်းအောင်သည် ONE Friday Fight 65 တွင် ရုရှားဖိုက်တာ ဒီမီထရီခီရိဗ်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ONE Friday Fight 65 ပြိုင်ပွဲကို မေ (၃၁) တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမဏ္ဏီအားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် တွဲဆိုင်း(၁၂) ဆိုင်း ပါဝင်မည်ဖြစ်ပြီး ထွန်းမင်းအောင်နှင့် ခီရိဗ်တွဲဆိုင်းမှာ ပွဲစဉ်(၅) တွင် ဖယ်သာဝိတ်တန်း (၅၇ ကီလို) မွေထိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

ထွန်းမင်းအောင်သည် နာမည်ကြီး မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ထွန်းထွန်းမင်း၏ ညီငယ်ဖြစ်ပြီး အသက် (၁၈)နှစ်သာရှိသေးသူဖြစ်သည်။

ထွန်းမင်းအောင်သည် အရပ် (၅)ပေ၊ (၁၁) လက်မရှိသူ ဖြစ်ပြီး ဘယ်သန်ကစားသမားဖြစ်သည်။

ထွန်းမင်းအောင်သည် ဂျပန်ဖိုက်တာ တိုခဲရှိနှင့် သရေကျထားပြီး ပထမတန်းရိုးရာလက်ဝှေ့ကျော် အောင်ခိုင်ကို အနိုင်ရထားသူဖြစ်သည်။

ထွန်းမင်းအောင်သည် ပြီးခဲ့သည့်ဇန်နဝါရီအတွင်းက ရန်ကုန်မြို့တွင်ပြုလုပ်သည့် မြန်မာ- ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ပီသက်ကို အလဲထိုးဖြင့် အနိုင်ရထားသည်။

ထွန်းမင်းအောင်နှင့် ထိုးသတ်မည့် ရုရှားဖိုက်တာ ဒီမီထရီခီရိဗ်သည် MMA (၃) ပွဲထိုးသတ်ထားရာ (၃) ပွဲစလုံး အနိုင်ရရှိထားပြီး အလဲထိုးဖြင့် (၁)ပွဲ၊ အမှတ် ဖြင့် (၂)ပွဲဖြစ်ကြောင်း သိရသည်။

ခီရိဗ်သည် နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့် မတ်လအတွင်းက ပြိုင်ဘက်ကို အလဲထိုးဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ခီရိဗ်သည် ထွန်းမင်းအောင်ကဲ့သို့ပင် ONE နှင့် ပထမဆုံးအကြိမ် စတင်လက်တွဲထိုးသတ်လာသူဖြစ်ပြီး ယခင်က Kickboxing ကစားဖူးသူဖြစ်သည်။