ျမန္မာ့ လက္ေရြးစင္အသင္းရဲ့ မဏာမကစားသမားစာရင္း

၂၀၂၆ ကမၻာ့ဖလား ေျခစစ္ပြဲအတြက္ ဂ်ပန္အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားမည့္ ျမန္မာအသင္း၏ ကစားသမားစာရင္းအား ေမ(၂၆)ရက္ ညေနပိုင္းတြင္ အသိေပးထုတ္ထားသည္။
အဆိုပါ ကစားသမားစာရင္းအား ျမန္မာအသင္း နည္းျပခ်ဳပ္ မိုက္ကယ္ ဖိုင္တန္ဘိုင္နာက ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ၿပီး အသင္းအားကစားသမား (၃၃)ဦး ျဖင့္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။
ျမန္မာအသင္းကစားသမားစာရင္းတြင္ ျပည္ပကလပ္အသင္းမ်ား၌ ကစားေနသည့္ လက္ေရြးစင္ကစားသမားမ်ားျဖစ္သည့္ ဟိန္းၿဖိဳးဝင္း၊ ေက်ာ္မင္းဦး၊ စိုးမိုးေက်ာ္၊ ျမတ္ေကာ င္းခန႔္ ၊ လြင္မိုးေအာင္၊ ဟိန္းထက္ေအာင္ ၊ ေမာင္ေမာင္လြင္၊ ေအာင္သူ ၊ စူလမာန္၊ ဝင္းနိုင္ထြန္း၊ ေအာင္ေကာင္းမာန္ႏွင့္ သက္ပိုင္တို႔ ပါဝင္သည္။
ဂ်ပန္ႏွင့္ ေတြ႕ဆုံမည့္ ပြဲစဥ္အား အိမ္ကြင္းျဖစ္သည့္ ရန္ကုန္ၿမိဳ႕ သုဝဏၰအားကစားကြင္းတြင္ လာမည့္ ဇြန္(၆)ရက္ ညေန (၆) နာရီ မိနစ္(၄၀)အခ်ိန္တြင္ ကစားသြားမည္ျဖစ္သည္။
ထို႔အတူ ဇြန္(၁၁)ရက္၌ လာအိုနိုင္ငံတြင္ ေျမာက္ကိုရီးယားအသင္းႏွင့္ ဒုတိယအဆင့္ ေျခစစ္ပြဲစဥ္မ်ား ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္ေၾကာင္း သိရသည္။

========

မြန်မာ့ လက်ရွေးစင်အသင်းရဲ့ မဏာမကစားသမားစာရင်း

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်း၏ ကစားသမားစာရင်းအား မေ(၂၆)ရက် ညနေပိုင်းတွင် အသိပေးထုတ်ထားသည်။
အဆိုပါ ကစားသမားစာရင်းအား မြန်မာအသင်း နည်းပြချုပ် မိုက်ကယ် ဖိုင်တန်ဘိုင်နာက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အသင်းအားကစားသမား (၃၃)ဦး ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းကစားသမားစာရင်းတွင် ပြည်ပကလပ်အသင်းများ၌ ကစားနေသည့် လက်ရွေးစင်ကစားသမားများဖြစ်သည့် ဟိန်းဖြိုးဝင်း၊ ကျော်မင်းဦး၊ စိုးမိုးကျော်၊ မြတ်ကော င်းခန့် ၊ လွင်မိုးအောင်၊ ဟိန်းထက်အောင် ၊ မောင်မောင်လွင်၊ အောင်သူ ၊ စူလမာန်၊ ဝင်းနိုင်ထွန်း၊ အောင်ကောင်းမာန်နှင့် သက်ပိုင်တို့ ပါဝင်သည်။
ဂျပန်နှင့် တွေ့ဆုံမည့် ပွဲစဉ်အား အိမ်ကွင်းဖြစ်သည့် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် လာမည့် ဇွန်(၆)ရက် ညနေ (၆) နာရီ မိနစ်(၄၀)အချိန်တွင် ကစားသွားမည်ဖြစ်သည်။
ထို့အတူ ဇွန်(၁၁)ရက်၌ လာအိုနိုင်ငံတွင် မြောက်ကိုရီးယားအသင်းနှင့် ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။