ေဒသတြင္းရွိ ေရေၾကာင္းသြားလာေရးလမ္းေၾကာင္းရွိ ကုန္တင္သေဘၤာမ်ားအားတိုက္ခိုက္နိုင္ခဲ့ဟု ဟူသီအဖြဲ႕ေျပာ

(နိုင္ငံတကာ) ေမ ၂၆

ပင္လယ္နီ အာေရဗ်ပင္လယ္ႏွင့္ ေျမထဲပင္လယ္တို႔အပါအဝင္ ေဒသတြင္းရွိ ေရေၾကာင္းသြားလာေရး လမ္းေၾကာင္းအတြင္းရွိ ကုန္တင္သေဘၤာမ်ားအား တိုက္ခိုက္နိုင္ခဲ့ေၾကာင္း ဟူသီသူပုန္အဖြဲ႕က ေမလ ၂၄ ရက္တြင္ ထုတ္ျပန္သည္။

အဆိုပါ တိုက္ခိုက္မႈမ်ားတြင္ ဟူသီသူပုန္မ်ားအား အာေရဗ် ပင္လယ္ကို ကူးျဖတ္ေနသည့္ အစၥေရး အလံလႊင့္ထူထားေသာကုန္တင္သေဘၤာတစ္စင္းအား ပဲ့ထိန္းဒုံးက်ည္မ်ားျဖင့္ ဦးစြာပစ္ခတ္တိုက္ခိုက္နိုင္ခဲ့ေၾကာင္း ဟူသီသူပုန္အဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာသည္။

ထို႔ျပင္ ဒုတိယေျမာက္စစ္ဆင္ေရးအျဖစ္ ဂရိနိုင္ငံမွ YANNISS ဟု အမည္ေပးထားသည့္ သေဘၤာတစ္စင္းအား ပင္လယ္နီအတြင္း၌ တိုက္ခိုက္ခဲ့ေၾကာင္း၊ ယင္း တိုက္ခိုက္မႈကို ဟူသီေရတပ္ဖြဲ႕ႏွင့္ ဒ႐ုန္းတပ္ဖြဲ႕မ်ားက လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ယင္းတိုက္ခိုက္မႈ တြင္ ပစ္မွတ္အား တိက်စြာပစ္ခတ္နိုင္ခဲ့ ေၾကာင္း ဟူသီအဖြဲ႕က ထုတ္ျပန္ထားသည္။

တတိယေျမာက္ စစ္ဆင္ေရးအတြင္း၌ ေျမထဲပင္လယ္အတြင္း ေမာင္းႏွင္ေနသည့္ အစၥေရးအလံလႊင့္ထူ ထားေသာ ESSEX သေဘၤာကို ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ယင္းသေဘၤာသည္ ပါလက္စတိုင္း နယ္ေျမမ်ားကို သိမ္းယူထားသည့္ အစၥေရးတပ္မ်ား၏ ထိန္းခ်ဳပ္မႈေအာက္ရွိ ဆိပ္ကမ္းမ်ားသို႔ ဝင္ေရာက္ ဆိုက္ကပ္မႈ တားျမစ္ျခင္းကို ခ်ိဳးေဖာက္ခဲ့ေၾကာင္း ဟူသီအဖြဲ႕က ေျပာသည္။

ယီမင္အေျခစိုက္ ဟူသီသူပုန္အဖြဲ႕သည္ ပါလက္ စတိုင္းအား တိုက္ခိုက္ေနသည့္ အစၥေရးအား လက္တုံျပန္သည့္အေနျဖင့္ ေဒသတြင္းရွိ ပင္လယ္မ်ားအတြင္း သြားလာေနသည့္ အစၥေရးႏွင့္ ၎၏မဟာမိတ္နိုင္ငံမ်ား၏ ကုန္တင္သေဘၤာမ်ားကို ၿပီးခဲ့သည့္ႏွစ္ နိုဝင္ဘာလမွ စ၍ တိုက္ခိုက္ေနျခင္း ျဖစ္ေၾကာင္း ဆင္ဟြာ သတင္းဌာနတြင္ ေဖာ္ျပထားသည္။

======

ဒေသတွင်းရှိ ရေကြောင်းသွားလာရေးလမ်းကြောင်းရှိ ကုန်တင်သင်္ဘောများအားတိုက်ခိုက်နိုင်ခဲ့ဟု ဟူသီအဖွဲ့ပြော

(နိုင်ငံတကာ) မေ ၂၆

ပင်လယ်နီ အာရေဗျပင်လယ်နှင့် မြေထဲပင်လယ်တို့အပါအဝင် ဒေသတွင်းရှိ ရေကြောင်းသွားလာရေး လမ်းကြောင်းအတွင်းရှိ ကုန်တင်သင်္ဘောများအား တိုက်ခိုက်နိုင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့က မေလ ၂၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုများတွင် ဟူသီသူပုန်များအား အာရေဗျ ပင်လယ်ကို ကူးဖြတ်နေသည့် အစ္စရေး အလံလွှင့်ထူထားသောကုန်တင်သင်္ဘောတစ်စင်းအား ပဲ့ထိန်းဒုံးကျည်များဖြင့် ဦးစွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ဒုတိယမြောက်စစ်ဆင်ရေးအဖြစ် ဂရိနိုင်ငံမှ YANNISS ဟု အမည်ပေးထားသည့် သင်္ဘောတစ်စင်းအား ပင်လယ်နီအတွင်း၌ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကို ဟူသီရေတပ်ဖွဲ့နှင့် ဒရုန်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှု တွင် ပစ်မှတ်အား တိကျစွာပစ်ခတ်နိုင်ခဲ့ ကြောင်း ဟူသီအဖွဲ့က ထုတ်ပြန်ထားသည်။

တတိယမြောက် စစ်ဆင်ရေးအတွင်း၌ မြေထဲပင်လယ်အတွင်း မောင်းနှင်နေသည့် အစ္စရေးအလံလွှင့်ထူ ထားသော ESSEX သင်္ဘောကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသင်္ဘောသည် ပါလက်စတိုင်း နယ်မြေများကို သိမ်းယူထားသည့် အစ္စရေးတပ်များ၏ ထိန်းချုပ်မှုအောက်ရှိ ဆိပ်ကမ်းများသို့ ဝင်ရောက် ဆိုက်ကပ်မှု တားမြစ်ခြင်းကို ချိုးဖောက်ခဲ့ကြောင်း ဟူသီအဖွဲ့က ပြောသည်။

ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့သည် ပါလက် စတိုင်းအား တိုက်ခိုက်နေသည့် အစ္စရေးအား လက်တုံပြန်သည့်အနေဖြင့် ဒေသတွင်းရှိ ပင်လယ်များအတွင်း သွားလာနေသည့် အစ္စရေးနှင့် ၎င်း၏မဟာမိတ်နိုင်ငံများ၏ ကုန်တင်သင်္ဘောများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ စ၍ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။