

=======

ချန်ပီယံရှစ် Play-Offsဗိုလ်လုပွဲ၌ ဆောက်သမ်တန်အနိုင်ရပြီး ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရ

တနင်္ဂနွေညမှာ ကစားခဲ့တဲ့ အင်္ဂလန်ချန်ပီယံရှစ် Play-Offs ဗိုလ်လုပွဲမှာ ဆောက်သမ်တန်အသင်းက လိဒ်စ်ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့အနိုင်ရပြီး ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိသွားပါတယ်။
အခုပွဲမှာ လိဒ်စ်ယူနိုက်တက်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ပေမယ့် ဆောက်သမ်တန်အသင်းက ပွဲချိန်၂၄မိနစ်မှာ တိုက်စစ်မှူး အမ်းစ်ထရောင်းရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရခဲ့တာပါ။
ဆောက်သမ်တန်အသင်းဟာ ၂၀၂၂-၂၀၂၃ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပေမယ့် တစ်ရာသီအကြာမှာပဲ အခုလို တန်းတက်ခွင့်ပြန်ရရှိခဲ့တာလည်းဖြစ်ပါတယ်။