ကိုပါအေမရိကၿပိဳင္ပြဲတြင္ ဆုေၾကးေငြမ်ား တိုးျမႇင့္

လာမည့္ဇြန္လတြင္ စတင္က်င္းပမည့္ ၂၀၂၄ ကိုပါအေမရိကၿပိဳင္ပြဲ၌ ဆုေၾကးေငြမ်ား တိုးျမႇင့္ထားၿပီး ခ်န္ပီယံဆုရရွိသည့္အသင္းအေနျဖင့္ ဆုေၾကး ေဒၚလာ(၁၆)သန္း ရရွိမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၂၄ ကိုပါအေမရိကၿပိဳင္ပြဲအတြက္ စုစုေပါင္းဆုေၾကး ေဒၚလာ(၇၂)သန္း အသုံးျပဳသြားမည္ျဖစ္ၿပီး ပါဝင္ယွဥ္ၿပိဳင္မည့္အသင္းတိုင္း ေဒၚလာ(၂)သန္းစီ ရရွိမည္ျဖစ္သည္။

၂၀၂၄ ကိုပါအေမရိကၿပိဳင္ပြဲတြင္ အသင္း(၁၆)သင္း ပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္ေသာေၾကာင့္ တစ္သင္းလၽွင္ (၂)သန္းစီျဖင့္ (၃၂)သန္း အသုံးျပဳမည္ျဖစ္ၿပီး က်န္သန္း(၄၀)ကို ဆုေၾကးအျဖစ္ ထပ္မံခ်ီးျမႇင့္မည္ျဖစ္သည္။

ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္ၿပိဳင္ပြဲတြင္ ဆုေၾကးအျဖစ္ ခ်ီးျမႇင့္သည့္ေငြေၾကးပမာဏမွာ ေဒၚလာ(၁၉.၅)သန္းသာရွိခဲ့သည့္အတြက္ ယခုႏွစ္၌ ႏွစ္ဆေက်ာ္ ျမင့္တက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၂၁ ခုႏွစ္ ၿပိဳင္ပြဲတြင္ ခ်န္ပီယံဆုရရွိခဲ့သည့္အသင္းမွာ ဆုေၾကး ေဒၚလာ(၆.၅)သန္းသာရရွိ ခဲ့ၿပီး ယခုႏွစ္ၿပိဳင္ပြဲ၏ ခ်န္ပီယံအသင္းမွာမူ ေဒၚလာ(၁၆)သန္းအထိ ရရွိမည္ျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္အတြက္ ဆုေၾကးခ်ီးျမႇင့္ရန္ သတ္မွတ္ထားမႈမွာ ဗိုလ္လုပြဲတြင္ ရႈံးနိမ့္သည့္အသင္း ေဒၚလာ(၇)သန္း၊ တတိယရရွိသည့္အသင္း ေဒၚလာ(၅)သန္း၊ စတုတၳရရွိသည့္အသင္း ေဒၚလာ(၄)သန္း၊ ကြာတားဖိုင္နယ္ ေရာက္အသင္းမ်ား ေဒၚလာ(၂)သန္းစီ ရရွိမည္ျဖစ္ေၾကာင္း သိရသည္။ eleven

========

ကိုပါအမေရိကပြိုင်ပွဲတွင် ဆုကြေးငွေများ တိုးမြှင့်

လာမည့်ဇွန်လတွင် စတင်ကျင်းပမည့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၌ ဆုကြေးငွေများ တိုးမြှင့်ထားပြီး ချန်ပီယံဆုရရှိသည့်အသင်းအနေဖြင့် ဆုကြေး ဒေါ်လာ(၁၆)သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲအတွက် စုစုပေါင်းဆုကြေး ဒေါ်လာ(၇၂)သန်း အသုံးပြုသွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့်အသင်းတိုင်း ဒေါ်လာ(၂)သန်းစီ ရရှိမည်ဖြစ်သည်။

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် အသင်း(၁၆)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် တစ်သင်းလျှင် (၂)သန်းစီဖြင့် (၃၂)သန်း အသုံးပြုမည်ဖြစ်ပြီး ကျန်သန်း(၄၀)ကို ဆုကြေးအဖြစ် ထပ်မံချီးမြှင့်မည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ပြိုင်ပွဲတွင် ဆုကြေးအဖြစ် ချီးမြှင့်သည့်ငွေကြေးပမာဏမှာ ဒေါ်လာ(၁၉.၅)သန်းသာရှိခဲ့သည့်အတွက် ယခုနှစ်၌ နှစ်ဆကျော် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည့်အသင်းမှာ ဆုကြေး ဒေါ်လာ(၆.၅)သန်းသာရရှိ ခဲ့ပြီး ယခုနှစ်ပြိုင်ပွဲ၏ ချန်ပီယံအသင်းမှာမူ ဒေါ်လာ(၁၆)သန်းအထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွက် ဆုကြေးချီးမြှင့်ရန် သတ်မှတ်ထားမှုမှာ ဗိုလ်လုပွဲတွင် ရှုံးနိမ့်သည့်အသင်း ဒေါ်လာ(၇)သန်း၊ တတိယရရှိသည့်အသင်း ဒေါ်လာ(၅)သန်း၊ စတုတ္ထရရှိသည့်အသင်း ဒေါ်လာ(၄)သန်း၊ ကွာတားဖိုင်နယ် ရောက်အသင်းများ ဒေါ်လာ(၂)သန်းစီ ရရှိမည်ဖြစ်ကြောင်း သိရသည်။ eleven