ေတာင္ကိုရီးယားသို႔ EPS စနစ္ျဖင့္ ျမန္မာလုပ္သား ၁၈၀၀ ဦးေက်ာ္ပို႔ေဆာင္

ေတာင္ကိုရီးယားနိုင္ငံသို႔ ယခုႏွစ္ငါးလတာကာလအတြင္း EPS စနစ္ျဖင့္ ျမန္မာလုပ္သား ၁၈၃၉ ဦး ပို႔ေဆာင္ခဲ့ေၾကာင္း ေတာင္ကိုရီးယားနိုင္ငံရွိ ျမန္မာသံ႐ုံး၏ ထုတ္ျပန္ခ်က္မ်ားအရသိရသည္။
အဆိုပါျမန္မာလုပ္သားမ်ားထဲတြင္ ကုန္ထုတ္လုပ္သားသစ္ ၁,၇၂၅ ဦး၊ စိုက္ပ်ိဳး/ေမြးျမဴေရးလုပ္သား ၅၇ ဦးႏွင့္ ေဆာက္လုပ္ေရးလုပ္သားသစ္ ၅၇ ဦး စုစုေပါင္း ၁၈၃၉ ဦးပါ၀င္ေၾကာင္း ယင္းထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပထားသည္။
ေတာင္ကိုရီးယားနိုင္ငံမွ ျမန္မာအလုပ္သမားမ်ားကိုေခၚယူရာတြင္ အသက္(၁၈) ႏွစ္မွ (၃၉) ႏွစ္ အတြင္းရွိ အမ်ိဳးသားလုပ္သားမ်ားသာေခၚယူၿပီး ယခု ၂၀၂၄ ခုႏွစ္တြင္ဝန္ေဆာင္မႈလုပ္ငန္းမ်ားအတြက္ ပညာအရည္အခ်င္းသတ္မွတ္ကာ အမ်ိဳးသမီးလုပ္သားမ်ားကို ပထမဆုံးေခၚယူခဲ့ေၾကာင္း၊ ကိုရီးယားနိုင္ငံသို႔သြားေရာက္အလုပ္လုပ္ကိုင္မည့္သူမ်ားအေနျဖင့္ အခ်ိန္ႏွစ္ႏွစ္နီးပါး ၾကာမည္ျဖစ္ၿပီး အလုပ္ေခၚစာက်ပါက လၽွင္ျမန္စြာသြားေရာက္နိုင္ေၾကာင္း EPS – TOPIK သင္တန္းေက်ာင္းမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

=======

တောင်ကိုရီးယားသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၈၀၀ ဦးကျော်ပို့ဆောင်

တောင်ကိုရီးယားနိုင်ငံသို့ ယခုနှစ်ငါးလတာကာလအတွင်း EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၈၃၉ ဦး ပို့ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်များအရသိရသည်။
အဆိုပါမြန်မာလုပ်သားများထဲတွင် ကုန်ထုတ်လုပ်သားသစ် ၁,၇၂၅ ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သား ၅၇ ဦးနှင့် ဆောက်လုပ်ရေးလုပ်သားသစ် ၅၇ ဦး စုစုပေါင်း ၁၈၃၉ ဦးပါ၀င်ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံမှ မြန်မာအလုပ်သမားများကိုခေါ်ယူရာတွင် အသက်(၁၈) နှစ်မှ (၃၉) နှစ် အတွင်းရှိ အမျိုးသားလုပ်သားများသာခေါ်ယူပြီး ယခု ၂၀၂၄ ခုနှစ်တွင်ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပညာအရည်အချင်းသတ်မှတ်ကာ အမျိုးသမီးလုပ်သားများကို ပထမဆုံးခေါ်ယူခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် အချိန်နှစ်နှစ်နီးပါး ကြာမည်ဖြစ်ပြီး အလုပ်ခေါ်စာကျပါက လျှင်မြန်စွာသွားရောက်နိုင်ကြောင်း EPS – TOPIK သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။