မန္ယူအသင္းရဲ့ တစ္ႏွစ္တာအေကာင္းဆုံး ဆုရွင္မ်ား

(အားကစား) ေမ ၂၄

မန္ယူအသင္းရဲ့တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆုအျဖစ္ ေပးအပ္တဲ့ (ဆာ မတ္ဘတ္စ္ဘီဆု) ကိုေတာ့ အသင္းေခါင္းေဆာင္ ဘ႐ူနို ဖာနန္ဒက္စ္က ရရွိသြားခဲ့ပါတယ္။

မန္ယူအသင္းဟာ အဆင့္ ၈ ေနရာနဲ႔ ရာသီသိမ္းခဲ့ရတယ္ဆိုေပမယ့္ ဘ႐ူနိုကေတာ့ သြင္းဂိုးေတြ၊ ဖန္တီးမႈေတြနဲ႔ ကစားခြင့္ရတဲ့ပြဲတိုင္းမွာ ႀကိဳးစားအားထုတ္ကစားေပးထားနိုင္ခဲ့တာ ေတြ႕ရပါတယ္။

အသင္းေဖာ္မ်ားေရြးခ်ယ္သည့္ အေကာင္းဆုံးဆုကို ဒါေလာ့၊ သြင္းဂိုးဆုကို ဂါနာခ်ိဳတို႔က ရရွိခဲ့ေၾကာင္း သိရပါတယ္။

အမ်ိဳးသမီးအေကာင္းဆုံးဆု သုံးဆုကို အယ္လာထြန္ေနက ဆြတ္ခူးခဲ့ေၾကာင္း သိရပါတယ္။

==========

မန်ယူအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ဆုရှင်များ

(အားကစား) မေ ၂၄

မန်ယူအသင်းရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအဖြစ် ပေးအပ်တဲ့ (ဆာ မတ်ဘတ်စ်ဘီဆု) ကိုတော့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ရရှိသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ အဆင့် ၈ နေရာနဲ့ ရာသီသိမ်းခဲ့ရတယ်ဆိုပေမယ့် ဘရူနိုကတော့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ ကစားခွင့်ရတဲ့ပွဲတိုင်းမှာ ကြိုးစားအားထုတ်ကစားပေးထားနိုင်ခဲ့တာ တွေ့ရပါတယ်။

အသင်းဖော်များရွေးချယ်သည့် အကောင်းဆုံးဆုကို ဒါလော့၊ သွင်းဂိုးဆုကို ဂါနာချိုတို့က ရရှိခဲ့ကြောင်း သိရပါတယ်။

အမျိုးသမီးအကောင်းဆုံးဆု သုံးဆုကို အယ်လာထွန်နေက ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။