႐ုရွားနိုင္ငံ က နည္းဗ်ဴဟာေျမာက္ န်ဴလက္နက္မ်ားပါဝင္မည့္ စစ္ေရးေလ့က်င့္မႈကို သင့္ေတာ္သည့္အခ်ိန္ တြင္ ျပဳလုပ္မည္ဟု ေျပာၾကား

(နိုင္ငံတကာ) ေမ ၂၃

နည္းဗ်ဴဟာေျမာက္ န်ဴကလီးယားလက္နက္မ်ား ပါဝင္မည့္ စစ္ေရးေလ့က်င့္မႈကို သင့္ေလ်ာ္သည့္အခ်ိန္တြင္ ျပဳလုပ္မည္ ျဖစ္ေၾကာင္း ႐ုရွားအစိုးရ ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီ ပက္စေကာ့ဗ္ က ေမလ၂၀ ရက္က အတည္ျပဳ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

သမၼတပူတင္၏ ညႊန္ၾကားခ်က္အရ နည္းဗ်ဴဟာေျမာက္ န်ဴကလီးယား လက္နက္မ်ားပါဝင္သည့္ စစ္ေရးေလ့က်င့္မႈကို ႐ုရွားနိုင္ငံအေနျဖင့္ သင့္ေလ်ာ္သည့္ ကာလအပိုင္းအျခားတြင္ ျပဳလုပ္မည္ ျဖစ္ေၾကာင္း ဒီမီထရီ ပက္စေကာ့ဗ္ က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

နည္းဗ်ဴဟာေျမာက္ န်ဴကလီး ယား လက္နက္မ်ား ျဖန႔္ၾကက္မႈကို ေလ့က်င့္ရန္ ႐ုရွားသမၼတပူတင္ က ႐ုရွားစစ္ဘက္ကို ယခုလအေစာပိုင္းက ညႊန္ၾကားထားသည္။

ျပင္သစ္၊ ၿဗိတိန္ႏွင့္ အေမရိကန္တို႔၏ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ ႐ုရွားအေနျဖင့္ နည္းဗ်ဴဟာ ေျမာက္ န်ဴကလီးယားလက္နက္မ်ား ပါဝင္သည့္ စစ္ေရးေလ့က်င့္မႈကို ျပဳလုပ္ရလိမ့္မည္ျဖစ္ေၾကာင္း သမၼတ ပူတင္ က ေျပာၾကားသည္။

အဆိုပါ န်ဴကလီးယားလက္နက္ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္မည့္ အခ်ိန္ကာလအပိုင္းအျခားကို ကာကြယ္ ေရး ဝန္ႀကီးဌာနက ဆုံးျဖတ္မည္ျဖစ္ေၾကာင္း ကရင္မလင္ နန္းေတာ္ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီ ပက္စေကာ့ဗ္ က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

႐ုရွားႏွင့္ အေနာက္အုပ္စုနိုင္ငံမ်ားအၾကား ဆက္ဆံေရးမွာလည္း လက္ရွိအခ်ိန္ တြင္ ယူကရိန္းျပႆနာကို အေၾကာင္းျပဳ၍ အဆိုးရြားဆုံးအဆင့္သို႔ က်ေရာက္လ်က္ရွိေၾကာင္း RT သတင္းဌာန ေဖာ္ျပခ်က္အရ သိရသည္။

========

ရုရှားနိုင်ငံ က နည်းဗျူဟာမြောက် နျူလက်နက်များပါဝင်မည့် စစ်ရေးလေ့ကျင့်မှုကို သင့်တော်သည့်အချိန် တွင် ပြုလုပ်မည်ဟု ပြောကြား

(နိုင်ငံတကာ) မေ ၂၃

နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ ပါဝင်မည့် စစ်ရေးလေ့ကျင့်မှုကို သင့်လျော်သည့်အချိန်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် က မေလ၂၀ ရက်က အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

သမ္မတပူတင်၏ ညွှန်ကြားချက်အရ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံအနေဖြင့် သင့်လျော်သည့် ကာလအပိုင်းအခြားတွင် ပြုလုပ်မည် ဖြစ်ကြောင်း ဒီမီထရီ ပက်စကော့ဗ် က ပြောကြားခဲ့ကြောင်း သိရသည်။

နည်းဗျူဟာမြောက် နျူကလီး ယား လက်နက်များ ဖြန့်ကြက်မှုကို လေ့ကျင့်ရန် ရုရှားသမ္မတပူတင် က ရုရှားစစ်ဘက်ကို ယခုလအစောပိုင်းက ညွှန်ကြားထားသည်။

ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်တို့၏ ခြိမ်းခြောက်မှုများကြောင့် ရုရှားအနေဖြင့် နည်းဗျူဟာ မြောက် နျူကလီးယားလက်နက်များ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ရလိမ့်မည်ဖြစ်ကြောင်း သမ္မတ ပူတင် က ပြောကြားသည်။

အဆိုပါ နျူကလီးယားလက်နက် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့် အချိန်ကာလအပိုင်းအခြားကို ကာကွယ် ရေး ဝန်ကြီးဌာနက ဆုံးဖြတ်မည်ဖြစ်ကြောင်း ကရင်မလင် နန်းတော်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် က ပြောကြားခဲ့ကြောင်း သိရသည်။

ရုရှားနှင့် အနောက်အုပ်စုနိုင်ငံများအကြား ဆက်ဆံရေးမှာလည်း လက်ရှိအချိန် တွင် ယူကရိန်းပြဿနာကို အကြောင်းပြု၍ အဆိုးရွားဆုံးအဆင့်သို့ ကျရောက်လျက်ရှိကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။