အီရန္က သမၼတေရြးေကာက္ပြဲကို ဇြန္လ ၂၈ ရက္တြင္ ျပဳလုပ္မည္

ေမ ၂၂

အီရန္နိုင္ငံက ၁၄ ႀကိမ္ေျမာက္ သမၼတေရြးေကာက္ ပြဲကို ဇြန္လ ၂၈ ရက္တြင္ ျပဳလုပ္ရန္ အီရန္အစိုးရက ဆုံးျဖတ္လိုက္ၿပီ ျဖစ္ေၾကာင္း သိရသည္။ လက္ရွိ ေခတၱသမၼတ၊ တရားသူႀကီးခ်ဳပ္၊ လႊတ္ေတာ္ဥကၠ႒၊ တရားေရး ဆိုင္ရာဒုတိယဥကၠ႒၊ အီရန္ဖြဲ႕စည္းပုံဆိုင္ ရာ ေကာင္စီႏွင့္ ျပည္ ထဲေရးဝန္ႀကီးဌာနတို႔မွ ကိုယ္စား လွယ္မ်ားတက္ေရာက္သည့္ အစည္းအေဝး၌ သမၼတေရြးေကာက္ပြဲျပဳလုပ္မည့္ရက္ကို အတည္ျပဳဆုံးျဖတ္လိုက္ျခင္း ျဖစ္သည္။

အီရန္သမၼတ အီဘရာဟင္ရိုင္ဆီႏွင့္ တာဝန္ရွိသူ မ်ား လိုက္ပါလာေသာ ရဟတ္ယာဥ္သည္ ေမလ ၁၉ ရက္ တြင္ ပ်က္က်ရာ လိုက္ပါလာသူအားလုံး ကြယ္ လြန္သြားၿပီျဖစ္ေၾကာင္း အစိုးရက ေမလ ၂၀ ရက္တြင္ အတည္ျပဳ ထုတ္ျပန္ၿပီးေနာက္ သမၼတေရြးေကာက္ပြဲ ျပဳလုပ္ရန္စီစဥ္ၾကျခင္း ျဖစ္သည္။

အီရန္ဖြဲ႕စည္းပုံအေျခခံ ဥပေဒပုဒ္မ ၁၃၁ အရ သမၼတ က ၎၏တာဝန္မ်ားကို မထမ္းေဆာင္နိုင္ခ်ိန္တြင္ ဒုတိယသမၼတ(၁) က ေခတၱသမၼတ အျဖစ္ တာဝန္ယူၿပီး ရက္ေပါင္း ၅၀ အတြင္း သမၼတေရြး ေကာက္ပြဲကိုက်င္းပေပးရမည္ဟု ေဖာ္ျပထားသည္။ လက္ရွိ သတ္မွတ္လိုက္သည့္ ေရြးေကာက္ပြဲျပဳလုပ္မည့္ ရက္စြဲအရ ေရြးေကာက္ပြဲတြင္ ပါဝင္လိုသူမ်ားသည္ ေမလ ၃၀ ရက္ မွ ဇြန္လ ၃ ရက္အတြင္း မွတ္ ပုံတင္နိုင္ၿပီး ဇြန္လ ၁၂ ရက္မွ ၂၇ ရက္အတြင္း ေရြးေကာက္ပြဲ မဲဆြယ္မႈကို လုပ္ေဆာင္ မည္ျဖစ္ ေၾကာင္း CD သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။

=====

အီရန်က သမ္မတရွေးကောက်ပွဲကို ဇွန်လ ၂၈ ရက်တွင် ပြုလုပ်မည်

မေ ၂၂

အီရန်နိုင်ငံက ၁၄ ကြိမ်မြောက် သမ္မတရွေးကောက် ပွဲကို ဇွန်လ ၂၈ ရက်တွင် ပြုလုပ်ရန် အီရန်အစိုးရက ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ လက်ရှိ ခေတ္တသမ္မတ၊ တရားသူကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ တရားရေး ဆိုင်ရာဒုတိယဥက္ကဋ္ဌ၊ အီရန်ဖွဲ့စည်းပုံဆိုင် ရာ ကောင်စီနှင့် ပြည် ထဲရေးဝန်ကြီးဌာနတို့မှ ကိုယ်စား လှယ်များတက်ရောက်သည့် အစည်းအဝေး၌ သမ္မတရွေးကောက်ပွဲပြုလုပ်မည့်ရက်ကို အတည်ပြုဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီနှင့် တာဝန်ရှိသူ များ လိုက်ပါလာသော ရဟတ်ယာဉ်သည် မေလ ၁၉ ရက် တွင် ပျက်ကျရာ လိုက်ပါလာသူအားလုံး ကွယ် လွန်သွားပြီဖြစ်ကြောင်း အစိုးရက မေလ ၂၀ ရက်တွင် အတည်ပြု ထုတ်ပြန်ပြီးနောက် သမ္မတရွေးကောက်ပွဲ ပြုလုပ်ရန်စီစဉ်ကြခြင်း ဖြစ်သည်။

အီရန်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၃၁ အရ သမ္မတ က ၎င်း၏တာဝန်များကို မထမ်းဆောင်နိုင်ချိန်တွင် ဒုတိယသမ္မတ(၁) က ခေတ္တသမ္မတ အဖြစ် တာဝန်ယူပြီး ရက်ပေါင်း ၅၀ အတွင်း သမ္မတရွေး ကောက်ပွဲကိုကျင်းပပေးရမည်ဟု ဖော်ပြထားသည်။ လက်ရှိ သတ်မှတ်လိုက်သည့် ရွေးကောက်ပွဲပြုလုပ်မည့် ရက်စွဲအရ ရွေးကောက်ပွဲတွင် ပါဝင်လိုသူများသည် မေလ ၃၀ ရက် မှ ဇွန်လ ၃ ရက်အတွင်း မှတ် ပုံတင်နိုင်ပြီး ဇွန်လ ၁၂ ရက်မှ ၂၇ ရက်အတွင်း ရွေးကောက်ပွဲ မဲဆွယ်မှုကို လုပ်ဆောင် မည်ဖြစ် ကြောင်း CD သတင်းဌာနဖော်ပြချက်အရ သိရသည်။