ကြန္ပနီကို နည္းျပခန႔္အပ္ရန္ ဘန္ေလႏွင့္ ဘိုင္ယန္ျမဴးနစ္ ေဆြးေႏြး

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ကြန္ပနီကို အသင္းနည္းျပသစ္အျဖစ္ခန႔္အပ္ဖို႔အတြက္ ဘန္ေလအသင္းနဲ႔ေဆြးေႏြးလ်က္ရွိပါတယ္။ နည္းျပကြန္ပနီဟာ အသင္းကို ကိုင္တြယ္ဖို႔ဆႏၵရွိတယ္လို႔ ဘိုင္ယန္ျမဴးနစ္အသင္းက ယုံၾကည္ေနၿပီး ေလ်ာ္ေၾကးေငြနဲ႔ပတ္သက္လို႔ ႏွစ္ဖက္သေဘာတူညီမႈရရွိဖို႔ ရည္မွန္းထားပါတယ္။ အသင္းကေန ထြက္ခြာမယ့္နည္းျပတူခ်ယ္ေနရာမွာ အစားထိုးမယ့္နည္းျပရွာေဖြဖို႔ ဘိုင္ယန္ျမဴးနစ္႐ုန္းကန္ေနရပါတယ္။ ေလဗာကူဆင္နည္းျပအလြန္ဆို၊ ဂ်ာမနီနည္းျပနာဂယ္စ္မန္းနဲ႔ ၾသစႀတီးယားနည္းျပရန္းနစ္တို႔ဟာ ဘိုင္ယန္နည္းျပရာထူးကို ျငင္းဆန္ခဲ့ပါတယ္။ နည္းျပကြန္ပနီဟာ ၂၀၂၃မွာ ဘန္ေလအသင္းနဲ႔(၅)ႏွစ္သက္တမ္း တိုးစာခ်ဳပ္ခ်ဳပ္ဆိုထားေပမယ့္ သူ႔ရဲ့အနာဂတ္နဲ႔ပတ္သက္ၿပီး ေမးျမန္းမႈေတြကို ေျဖဆိုဖို႔ျငင္းဆန္ထားပါတယ္။ နည္းျပကြန္ပနီရဲ့ဘန္ေလအသင္းဟာ ယခုရာသီပရီးမီးယားလိဂ္မွာ အဆင့္(၁၉)ေနရာနဲ႔ရာသီသိမ္းနိုင္ခဲ့ၿပီး တန္းဆင္းခဲ့ရပါတယ္။

======

ကွန်ပနီကို နည်းပြခန့်အပ်ရန် ဘန်လေနှင့် ဘိုင်ယန်မြူးနစ် ဆွေးနွေး

ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ဖို့အတွက် ဘန်လေအသင်းနဲ့ဆွေးနွေးလျက်ရှိပါတယ်။ နည်းပြကွန်ပနီဟာ အသင်းကို ကိုင်တွယ်ဖို့ဆန္ဒရှိတယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက ယုံကြည်နေပြီး လျော်ကြေးငွေနဲ့ပတ်သက်လို့ နှစ်ဖက်သဘောတူညီမှုရရှိဖို့ ရည်မှန်းထားပါတယ်။ အသင်းကနေ ထွက်ခွာမယ့်နည်းပြတူချယ်နေရာမှာ အစားထိုးမယ့်နည်းပြရှာဖွေဖို့ ဘိုင်ယန်မြူးနစ်ရုန်းကန်နေရပါတယ်။ လေဗာကူဆင်နည်းပြအလွန်ဆို၊ ဂျာမနီနည်းပြနာဂယ်စ်မန်းနဲ့ သြစတြီးယားနည်းပြရန်းနစ်တို့ဟာ ဘိုင်ယန်နည်းပြရာထူးကို ငြင်းဆန်ခဲ့ပါတယ်။ နည်းပြကွန်ပနီဟာ ၂၀၂၃မှာ ဘန်လေအသင်းနဲ့(၅)နှစ်သက်တမ်း တိုးစာချုပ်ချုပ်ဆိုထားပေမယ့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းမှုတွေကို ဖြေဆိုဖို့ငြင်းဆန်ထားပါတယ်။ နည်းပြကွန်ပနီရဲ့ဘန်လေအသင်းဟာ ယခုရာသီပရီးမီးယားလိဂ်မှာ အဆင့်(၁၉)နေရာနဲ့ရာသီသိမ်းနိုင်ခဲ့ပြီး တန်းဆင်းခဲ့ရပါတယ်။