အီရန္ေခါင္းေဆာင္ႀကီး ခါေမနီက ယာယီသမၼတကို အတည္ျပဳခဲ့ၿပီး ဝမ္းနည္းျခင္း အထိမ္းအမွတ္ ၅ ရက္ သတ္မွတ္

ရဟတ္ယာဥ္ ပ်က္က်ခဲ့မႈအတြင္း သမၼတ အီဘရာဟင္ ရိုင္စီ ေသဆုံးခဲ့အၿပီးမွာ ဒုတိယသမၼတ(၁) မိုဟာမက္ မြတ္ခ္ဘားက အမႈေဆာင္အဖြဲ႕ကို တာဝန္ခံၿပီး ေရြးေကာက္ပြဲက်င္းပဖို႔အတြက္ ရက္ ၅၀ အခ်ိန္ယူသြားမွာျဖစ္ေၾကာင္း အီရန္ေခါင္းေဆာင္ႀကီး အလီခါေမနီက တနလၤာေန႔မွာ ေျပာဆိုတယ္လို႔ အီရန္အစိုးရ တရားဝင္သတင္း႒ာန IRNA က ေဖာ္ျပပါတယ္။

ရဟတ္ယာဥ္ပ်က္က်မႈအတြင္း သမၼတနဲ႔အဖြဲ႕မေမၽွာ္လင့္ပဲ ေသဆုံးခဲ့ရမႈအတြက္ ဝမ္းနည္းျခင္းအထိမ္း အမွတ္ ၅ ရက္တာ သတ္မွတ္ေၾကာင္းလည္း ခါေမနီက ေၾကညာခဲ့ပါတယ္။

ဒါ့အျပင္ ရဟတ္ယာဥ္ ပ်က္က်မႈျဖစ္စဥ္မွာပဲ နိုင္ငံျခားေရးဝန္ႀကီး ဟူစိန္ အမီယာ အဗၺဒူလာဟင္ ေသဆုံးခဲ့ရၿပီးေနာက္ ဒုတိယ နိုင္ငံျခားေရးဝန္ႀကီး အလီ ဘဂၢီရီ ကာနီကို ယာယီနိုင္ငံျခားေရးဝန္ႀကီးအျဖစ္ အီရန္အစိုးရအဖြဲ႕က ခန႔္အပ္လိုက္တယ္လို႔လည္း သိရပါတယ္။

သမၼတ ရိုင္စီ၊ နိုင္ငံျခားေရးဝန္ႀကီး၊ အျခားခရီးသည္ နဲ႔ ယာဥ္အမႈထမ္း ေျခာက္ဦးတို႔ လိုက္ပါသြားတဲ့ ရဟတ္ယာဥ္ဟာ အဇာဘိုင္ဂ်န္နိုင္ငံနဲ႔နယ္စပ္အနီး ေတာင္တန္းေဒသတစ္ခုမွာ ေမ ၁၉ ရက္က ပ်က္က်သြားခဲ့တာျဖစ္ပါတယ္။ ဆိုးဝါးတဲ့ ေျမမ်က္ႏွာသြင္ျပင္နဲ႔ ရာသီဥတုအေျခအေနေတြအၾကား ညလုံးေပါက္ ရွာေဖြမႈေတြ လုပ္ခဲ့ၿပီးေနာက္ ေမ ၂၀ အေစာပိုင္းမွာ ရဟတ္ယာဥ္ပ်က္ တည္ေနရာကို ေတြ႕ရွိခဲ့ၾကတာျဖစ္ပါတယ္။

ျဖစ္စဥ္မွာ သမၼတ၊ နိုင္ငံျခားေရးဝန္ႀကီးနဲ႔ ယာဥ္ေပၚပါသူအားလုံး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

Ref: The Times of Israel, ST

=======

အီရန်ခေါင်းဆောင်ကြီး ခါမေနီက ယာယီသမ္မတကို အတည်ပြုခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် ၅ ရက် သတ်မှတ်
ရဟတ်ယာဉ် ပျက်ကျခဲ့မှုအတွင်း သမ္မတ အီဘရာဟင် ရိုင်စီ သေဆုံးခဲ့အပြီးမှာ ဒုတိယသမ္မတ(၁) မိုဟာမက် မွတ်ခ်ဘားက အမှုဆောင်အဖွဲ့ကို တာဝန်ခံပြီး ရွေးကောက်ပွဲကျင်းပဖို့အတွက် ရက် ၅၀ အချိန်ယူသွားမှာဖြစ်ကြောင်း အီရန်ခေါင်းဆောင်ကြီး အလီခါမေနီက တနင်္လာနေ့မှာ ပြောဆိုတယ်လို့ အီရန်အစိုးရ တရားဝင်သတင်းဋ္ဌာန IRNA က ဖော်ပြပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သမ္မတနဲ့အဖွဲ့မမျှော်လင့်ပဲ သေဆုံးခဲ့ရမှုအတွက် ဝမ်းနည်းခြင်းအထိမ်း အမှတ် ၅ ရက်တာ သတ်မှတ်ကြောင်းလည်း ခါမေနီက ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ရဟတ်ယာဉ် ပျက်ကျမှုဖြစ်စဉ်မှာပဲ နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီယာ အဗ္ဗဒူလာဟင် သေဆုံးခဲ့ရပြီးနောက် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အလီ ဘဂ္ဂီရီ ကာနီကို ယာယီနိုင်ငံခြားရေးဝန်ကြီးအဖြစ် အီရန်အစိုးရအဖွဲ့က ခန့်အပ်လိုက်တယ်လို့လည်း သိရပါတယ်။

သမ္မတ ရိုင်စီ၊ နိုင်ငံခြားရေးဝန်ကြီး၊ အခြားခရီးသည် နဲ့ ယာဉ်အမှုထမ်း ခြောက်ဦးတို့ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ဟာ အဇာဘိုင်ဂျန်နိုင်ငံနဲ့နယ်စပ်အနီး တောင်တန်းဒေသတစ်ခုမှာ မေ ၁၉ ရက်က ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။ ဆိုးဝါးတဲ့ မြေမျက်နှာသွင်ပြင်နဲ့ ရာသီဥတုအခြေအနေတွေအကြား ညလုံးပေါက် ရှာဖွေမှုတွေ လုပ်ခဲ့ပြီးနောက် မေ ၂၀ အစောပိုင်းမှာ ရဟတ်ယာဉ်ပျက် တည်နေရာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ယာဉ်ပေါ်ပါသူအားလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Ref: The Times of Israel, ST