လာလီဂါ၏ အေကာင္းဆုံးအာဖရိကကစားသမားဆုကို အီညာကီဝီလ်ံစ္ ရရွိ

ဘီလ္ဘာအိုအသင္းမွ ဂါနာတိုက္စစ္မႉး အီညာကီဝီလ်ံစ္သည္ ၂၀၂၃-၂၄ ရာသီ လာလီဂါၿပိဳင္ပြဲ၏ အေကာင္းဆုံးအာဖရိကကစားသမားဆု ရရွိခဲ့ေၾကာင္း သိရသည္။

အီညာကီဝီလ်ံစ္(၂၉ ႏွစ္)သည္ ယခုရာသီတြင္ ဘီလ္ဘာအိုအသင္းအတြက္ လာလီဂါ၌ (၁၂)ဂိုးသြင္းယူကာ ေျခစြမ္းျပနိုင္ခဲ့ျခင္းေၾကာင့္ ရီးယဲလ္မွ ေမာ္ရိုကိုကစားသမား ဘရာဟင္ဒီယက္ဇ္၊ ဆီဗီလာအသင္းမွ ေမာ္ရိုကိုကစားသမား အန္နက္ဆရီတို႔ကို ေက်ာ္ျဖတ္ကာ အေကာင္းဆုံးအာဖရိကကစားသမားဆု ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အီညာကီဝီလ်ံစ္က ဘီလ္ဘာအိုအသင္းကို ခ်စ္သလို၊ ဂါနာနိုင္ငံကိုလည္း ခ်စ္ေသာေၾကာင့္ လာမည့္ရာသီ၌ ယခုဆုကို ထပ္မံရယူနိုင္ေအာင္ ႀကိဳးပမ္းသြားမည္ဟု ေျပာၾကားခဲ့သည္။

=====

လာလီဂါ၏ အကောင်းဆုံးအာဖရိကကစားသမားဆုကို အီညာကီဝီလျံစ် ရရှိ

ဘီလ်ဘာအိုအသင်းမှ ဂါနာတိုက်စစ်မှူး အီညာကီဝီလျံစ်သည် ၂၀၂၃-၂၄ ရာသီ လာလီဂါပြိုင်ပွဲ၏ အကောင်းဆုံးအာဖရိကကစားသမားဆု ရရှိခဲ့ကြောင်း သိရသည်။

အီညာကီဝီလျံစ်(၂၉ နှစ်)သည် ယခုရာသီတွင် ဘီလ်ဘာအိုအသင်းအတွက် လာလီဂါ၌ (၁၂)ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ရီးယဲလ်မှ မော်ရိုကိုကစားသမား ဘရာဟင်ဒီယက်ဇ်၊ ဆီဗီလာအသင်းမှ မော်ရိုကိုကစားသမား အန်နက်ဆရီတို့ကို ကျော်ဖြတ်ကာ အကောင်းဆုံးအာဖရိကကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အီညာကီဝီလျံစ်က ဘီလ်ဘာအိုအသင်းကို ချစ်သလို၊ ဂါနာနိုင်ငံကိုလည်း ချစ်သောကြောင့် လာမည့်ရာသီ၌ ယခုဆုကို ထပ်မံရယူနိုင်အောင် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။