ကိုရီးယားေရာက္ ျမန္မာလုပ္သားမ်ားအေနျဖင့္ကၽြမ္းက်င္လုပ္သား ဗီဇာေျပာင္းလဲ ေလၽွာက္ထားနိုင္

ကိုရီးယားနိုင္ငံသို႔ E -9 Visa ျဖင့္ သြားေရာက္သည့္ ျမန္မာလုပ္သားမ်ားအေနျဖင့္ ကိုရီးယားအစိုးရက သတ္မွတ္ထားသည့္ အခ်က္အလက္မ်ားႏွင့္ ကိုက္ညီပါက E-7-4 Visa (ကၽြမ္းက်င္လုပ္သားဗီဇာ) ကို ေျပာင္းလဲေလၽွာက္ထားနိုင္ေၾကာင္း ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက
အသိေပးထားသည္။

အဆိုပါ E-7-4 Visa(ကၽြမ္းက်င္လုပ္သားဗီဇာ)ကိုကိုရီးယား ေရာက္ E-9, E-10 ႏွင့္ H-2 Visa ျဖင့္ ေနထိုင္သူမ်ားေလၽွာ က္ထားနိုင္ၿပီး ကိုရီးယားနိုင္ငံအတြင္း လြန္ခဲ့သည့္ (၁၀)ႏွစ္ အတြင္း (၄)ႏွစ္ႏွင့္အထက္ ေနထိုင္သူ ၊ လက္ရွိလုပ္ကိုင္ေနသည့္ ကုမၸဏီတြင္ အလုပ္သမားစာခ်ဳပ္ (၂)ႏွစ္ အနည္းဆုံး ရွိကာ ႏွစ္စဥ္လုပ္ခလစာ ကိုရီးယားဝမ္ (၂၆) သန္း အထက္ရရွိသူမ်ား ေလၽွာက္ထားနိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ လုပ္သက္ (၁) ႏွစ္ႏွင့္အထက္ အနည္းဆုံး ရရွိထားၿပီး လက္ရွိ လုပ္ကိုင္ေနသည့္ ကုမၸဏီ၏ ေထာက္ခံခ်က္ ႏွင့္ ကိုရီးယားဘာသာစကား တတ္ကၽြမ္းမႈ ရမွတ္ (၂၀၀) ႏွင့္ အ ထက္ ရရွိသူမ်ား ကိုရီးယားနိုင္ငံတြင္ ေနထိုင္ၿပီး ျပစ္မႈတစ္ စုံတရာ က်ဴးလြန္ဖူးျခင္း မရွိသူမ်ားလည္း ေလၽွာက္ထားနိုင္ေၾကာင္း သိရသည္။

ယင္းအျပင္ ကိုရီးယား နိုင္ငံ၏ ေမြးဖြားႏႈန္း က်ဆင္းျခင္းႏွင့္ သက္ႀကီးရြယ္အို မ်ားျပားလာျခင္းတို႔ေၾကာင့္ လုပ္ငန္း ခြင္ ဝင္ေရာက္နိုင္သူ နည္းပါးလာျခင္း စသည့္ အေျခေနတို႔ေၾကာင့္ နယ္ၿမိဳ႕ (၆၆) ၿမိဳ႕တြင္ နိုင္ငံျခားသားမ်ားအတြက္ ရည္ရြယ္ၿပီး Regional-specialized visa (F-2-R) ကိုလည္း ေလၽွာက္ထားနိုင္ၿပီး အေသးစိတ္အခ်က္အလက္ကို @https://www.hikorea.go.kr/Main.pt တြင္ ေလ့လာနိုင္ေၾကာင္း သိရသည္။

========

ကိုရီးယားရောက် မြန်မာလုပ်သားများအနေဖြင့်ကျွမ်းကျင်လုပ်သား ဗီဇာပြောင်းလဲ လျှောက်ထားနိုင်

ကိုရီးယားနိုင်ငံသို့ E -9 Visa ဖြင့် သွားရောက်သည့် မြန်မာလုပ်သားများအနေဖြင့် ကိုရီးယားအစိုးရက သတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီပါက E-7-4 Visa (ကျွမ်းကျင်လုပ်သားဗီဇာ) ကို ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက
အသိပေးထားသည်။

အဆိုပါ E-7-4 Visa(ကျွမ်းကျင်လုပ်သားဗီဇာ)ကိုကိုရီးယား ရောက် E-9, E-10 နှင့် H-2 Visa ဖြင့် နေထိုင်သူများလျှော က်ထားနိုင်ပြီး ကိုရီးယားနိုင်ငံအတွင်း လွန်ခဲ့သည့် (၁၀)နှစ် အတွင်း (၄)နှစ်နှင့်အထက် နေထိုင်သူ ၊ လက်ရှိလုပ်ကိုင်နေသည့် ကုမ္ပဏီတွင် အလုပ်သမားစာချုပ် (၂)နှစ် အနည်းဆုံး ရှိကာ နှစ်စဉ်လုပ်ခလစာ ကိုရီးယားဝမ် (၂၆) သန်း အထက်ရရှိသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

ထို့ပြင် လုပ်သက် (၁) နှစ်နှင့်အထက် အနည်းဆုံး ရရှိထားပြီး လက်ရှိ လုပ်ကိုင်နေသည့် ကုမ္ပဏီ၏ ထောက်ခံချက် နှင့် ကိုရီးယားဘာသာစကား တတ်ကျွမ်းမှု ရမှတ် (၂၀၀) နှင့် အ ထက် ရရှိသူများ ကိုရီးယားနိုင်ငံတွင် နေထိုင်ပြီး ပြစ်မှုတစ် စုံတရာ ကျူးလွန်ဖူးခြင်း မရှိသူများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

ယင်းအပြင် ကိုရီးယား နိုင်ငံ၏ မွေးဖွားနှုန်း ကျဆင်းခြင်းနှင့် သက်ကြီးရွယ်အို များပြားလာခြင်းတို့ကြောင့် လုပ်ငန်း ခွင် ဝင်ရောက်နိုင်သူ နည်းပါးလာခြင်း စသည့် အခြေနေတို့ကြောင့် နယ်မြို့ (၆၆) မြို့တွင် နိုင်ငံခြားသားများအတွက် ရည်ရွယ်ပြီး Regional-specialized visa (F-2-R) ကိုလည်း လျှောက်ထားနိုင်ပြီး အသေးစိတ်အချက်အလက်ကို @https://www.hikorea.go.kr/Main.pt တွင် လေ့လာနိုင်ကြောင်း သိရသည်။