အေနာက္အုပ္စုက မီးႏွင့္ကစားေနသည္ဟု ႐ုရွားထပ္မံသတိေပး

(နိုင္ငံတကာ) ေမ ၂၀
အေနာက္အုပ္စုသည္ ယူကရိန္းနိုင္ငံသို႔ စစ္လက္နက္ပစၥည္းမ်ား ဆက္လက္ေပးပို႔ျခင္း၊ ႐ုရွားနယ္ေျမမ်ားကို တိုက္ခိုက္ရန္ အားေပးအားေျမႇာက္ျပဳျခင္းအားျဖင့္ မီးႏွင့္ ကစားေနသည္ဟု ႐ုရွားအစိုးရက ထပ္မံသတိေပး လိုက္ေၾကာင္း သိရသည္။

ယူကရိန္းတို႔အေနျဖင့္ မၾကာေသးမီရက္ပိုင္းအတြင္း နယ္ေျမအမ်ားအျပားကို လက္လႊတ္ဆုံးရႈးရၿပီးေနာက္ ႐ုရွားအေပၚတိုက္ခိုက္မႈမ်ား ပိုမိုတိုးျမႇင့္လုပ္ေဆာင္လာသည္။ ယူကရိန္းတို႔၏ ထိုကဲ့သို႔ ေသာတိုက္ခိုက္မႈမ်ား ေနာက္ကြယ္တြင္ ယူကရိန္းအစိုးရကို ႀကိဳးကိုင္ေနသည့္ အေမရိကန္ႏွင့္ ၿဗိတိန္ တို႔ရွိေနသည္ကို ျမင္ေတြ႕ရေၾကာင္း ႐ုရွားနိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါရိုဗာ က ေျပာသည္။

ထိုျပင္ အေနာက္အုပ္စုအေနျဖင့္ ယူကရိန္းကို တာေဝးပစ္လက္နက္မ်ား ေထာက္ပံ့ေပး႐ုံသာမက ႐ုရွား အေပၚ တိုက္ခိုက္ေရးအတြက္ ထိုလက္နက္မ်ားကိုပါ အသုံးျပဳခြင့္ေပးထားေၾကာင္း မာရီယာဇာခါရိုဗာ က ဆက္ေျပာသည္။

“အေမရိကန္၊ ၿဗိတိန္၊ ဥေရာပအပါအဝင္ အေနာက္အုပ္စုနဲ႔ သူတို႔ကေထာက္ပံ့ေပးထားတဲ့ ယူကရိန္းတို႔ကို ေနာက္ထပ္တစ္ႀကိမ္သတိေပးလိုတာက သူတိုဟာမီးနဲ႔ ကစားေနတယ္ဆိုတာပါပဲ။

႐ုရွားအေနနဲ႔ ကိုယ့္ပိုင္နက္နယ္ေျမအေပၚ က်ဴးေက်ာ္စြက္ဖက္လာမႈကို ဒီအတိုင္းလက္ပိုက္ၾကည့္ ေနမွာမဟုတ္ပါဘူး” ဟု ေျပာၾကားခဲ့သည္။ ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားသည္ ၿပီးခဲ့သည့္ ရက္ပိုင္း အတြင္း ခရိုင္းမီးယား၊ ခရက္စနိုဒါႏွင့္ ႐ုရွားပိုင္ နယ္ေျမအခ်ိဳကို ေမာင္းသူမဲ့ေလယာဥ္မ်ား၊ ေမာင္းသူမဲ့ေရယာဥ္မ်ားျဖင့္ တစ္ၿပိဳင္နက္တည္းတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့သည္။

အဆိုပါ တိုက္ခိုက္မႈမ်ားအတြင္း ယူကရိန္းတို၏ ေမာင္းသူမဲ့ေလယာဥ္အစင္း ၁၀၀ ေက်ာ္ႏွင့္ ေမာင္းသူမဲ့ ေရယာဥ္ေျခာက္စင္း တိုကို ၾကားျဖတ္ဖ်က္ဆီးလိုက္နိုင္ေၾကာင္း ႐ုရွားကာကြယ္ ေရးဝန္ႀကီးဌာနက ထုတ္ျပန္ ထားသည္။

အလားတူ ၿပီးခဲ့သည့္သီတင္းပတ္အတြင္း အေမရိကန္ထုတ္ ATACMS ဒုံးက်ည္မ်ားႏွင့္ ဒုံးအလုံးေပါင္း ၂၀၀ နီးပါးကိုလည္း ၾကားျဖတ္ပစ္ခ်နိုင္ခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

======

အနောက်အုပ်စုက မီးနှင့်ကစားနေသည်ဟု ရုရှားထပ်မံသတိပေး

(နိုင်ငံတကာ) မေ ၂၀
အနောက်အုပ်စုသည် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ဆက်လက်ပေးပို့ခြင်း၊ ရုရှားနယ်မြေများကို တိုက်ခိုက်ရန် အားပေးအားမြှောက်ပြုခြင်းအားဖြင့် မီးနှင့် ကစားနေသည်ဟု ရုရှားအစိုးရက ထပ်မံသတိပေး လိုက်ကြောင်း သိရသည်။

ယူကရိန်းတို့အနေဖြင့် မကြာသေးမီရက်ပိုင်းအတွင်း နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုးရပြီးနောက် ရုရှားအပေါ်တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်လာသည်။ ယူကရိန်းတို့၏ ထိုကဲ့သို့ သောတိုက်ခိုက်မှုများ နောက်ကွယ်တွင် ယူကရိန်းအစိုးရကို ကြိုးကိုင်နေသည့် အမေရိကန်နှင့် ဗြိတိန် တို့ရှိနေသည်ကို မြင်တွေ့ရကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ က ပြောသည်။

ထိုပြင် အနောက်အုပ်စုအနေဖြင့် ယူကရိန်းကို တာဝေးပစ်လက်နက်များ ထောက်ပံ့ပေးရုံသာမက ရုရှား အပေါ် တိုက်ခိုက်ရေးအတွက် ထိုလက်နက်များကိုပါ အသုံးပြုခွင့်ပေးထားကြောင်း မာရီယာဇာခါရိုဗာ က ဆက်ပြောသည်။

“အမေရိကန်၊ ဗြိတိန်၊ ဥရောပအပါအဝင် အနောက်အုပ်စုနဲ့ သူတို့ကထောက်ပံ့ပေးထားတဲ့ ယူကရိန်းတို့ကို နောက်ထပ်တစ်ကြိမ်သတိပေးလိုတာက သူတိုဟာမီးနဲ့ ကစားနေတယ်ဆိုတာပါပဲ။

ရုရှားအနေနဲ့ ကိုယ့်ပိုင်နက်နယ်မြေအပေါ် ကျူးကျော်စွက်ဖက်လာမှုကို ဒီအတိုင်းလက်ပိုက်ကြည့် နေမှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။ ယူကရိန်းတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ခရိုင်းမီးယား၊ ခရက်စနိုဒါနှင့် ရုရှားပိုင် နယ်မြေအချိုကို မောင်းသူမဲ့လေယာဉ်များ၊ မောင်းသူမဲ့ရေယာဉ်များဖြင့် တစ်ပြိုင်နက်တည်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း ယူကရိန်းတို၏ မောင်းသူမဲ့လေယာဉ်အစင်း ၁၀၀ ကျော်နှင့် မောင်းသူမဲ့ ရေယာဉ်ခြောက်စင်း တိုကို ကြားဖြတ်ဖျက်ဆီးလိုက်နိုင်ကြောင်း ရုရှားကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

အလားတူ ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်ထုတ် ATACMS ဒုံးကျည်များနှင့် ဒုံးအလုံးပေါင်း ၂၀၀ နီးပါးကိုလည်း ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။