အီရန္သမၼတ ပါသည့္ ရဟတ္ယာဥ္ ပ်-က္-က်

အီရန္ သမၼတ ရိုင္စီ ႏွင့္နိုင္ငံျခားေရးဝန္ႀကီး တို႔လိုက္ပါလာသည့္ ရဟတ္ယာဥ္တစ္စင္း တနဂၤေႏြေန႔က ပ်-က္-က်ခဲ့ေၾကာင္းအီရန္နိုင္ငံပိုင္မီဒီယာက ေျပာၾကားခဲ့သည္။
ပ်-က္-က်သည့္ေနရာတြင္ရာသီဥတုဆိုးဝါးေနျခင္း၊ ျမဴထူထပ္ေနျခင္းတို႔ေၾကာင့္ ရွာေဖြကယ္ဆယ္ေရးသမားမ်ားက ရွာမေတြ႕ေသးဟုသိရသည္။
အဆိုပါ ရဟတ္ယာဥ္ကို ရွာေဖြရန္ အဖြဲ႕ ၁၆ ဖြဲ႕ ပါဝင္သည့္ ရွာေဖြေရး လုပ္ငန္းႀကီးမ်ား လုပ္ေဆာင္ေနေၾကာင္း နိုင္ငံပိုင္ သတင္းဌာန IRNA က ေဖာ္ျပခဲ့သည္။ ရာသီဥတု ဆိုးေနျခင္းက ရွာေဖြမႈကို အဟန႔္အတား ျဖစ္ေစသည္ဟု သတင္းမ်ားက ဆိုသည္။ အဖြဲ႕မ်ားသည္ ငါးနာရီနီးပါးၾကာသည္ထိေလယာဥ္ပ်-က္-က်ရာေနရာကို ရွာမေတြ႕ေသးေပ။
အ‌ေ-သအေပ်ာက္မ်ားႏွင့္ပတ္သက္၍၄င္း၊သမၼတ၏ တည္ေနရာ သို႔မဟုတ္ အေျခအေနတို႔ကို၄င္း နိုင္ငံပိုင္မီဒီယာက အတည္ျပဳနိုင္ျခင္းမရွိေသးေပ။ ေလယာဥ္ပ်-က္-က်ရသည့္ အေၾကာင္းရင္းကိုလည္း မသိရေသးေပ။
မစၥတာရိုင္စီသည္ အီရန္နိုင္ငံ အေနာက္ေျမာက္ပိုင္းရွိ ေတာင္တန္းေဒသျဖစ္သည့္ အေရွ႕အဇာဘိုင္ဂ်န္ျပည္နယ္သို႔ သြားေရာက္သည့္ခရီးတြင္ယခုလိုျဖစ္ခဲ့ျခင္းျဖစ္သည္။
အီရန္ျပည္ထဲေရးဝန္ႀကီးက သမၼတနဲ႔ အဆက္အသြယ္မရွိေသးေၾကာင္းေျပာေသာ္လည္း သမၼတသည္ ေဘးကင္းၿပီး အသံေကာင္းေၾကာင္း အေရးေပၚ ဖုန္းေခၚဆိုနိုင္ခဲ့ေၾကာင္း အခ်ိဳ႕ေသာ သတင္းမ်ားအရ သိရသည္။
ဝန္ႀကီးအဖြဲ႕တစ္ဖြဲ႕အပါအဝင္ရဟတ္ယာဥ္သုံးစီး ယာဥ္တန္းျဖင့္သြားၾကရာအျခားေလယာဥ္ႏွစ္စင္းတို႔သည္ ၎တို႔၏ ဦးတည္ရာသို႔ ေရာက္ရွိခဲ့ေၾကာင္း နိုင္ငံပိုင္မီဒီယာက ေဖာ္ျပခဲ့သည္။
သမၼတႏွင့္ နိုင္ငံျခားေရး ဝန္ႀကီးတို႔အျပင္ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးလည္း ဗာဇာဂန္ အမည္ရွိ ဧရိယာတြင္ ပ်-က္-က်ခဲ့သည့္ ရဟတ္ယာဥ္တြင္ ပါဝင္ခဲ့ေၾကာင္း နိုင္ငံပိုင္ မီဒီယာက ေဖာ္ျပခဲ့သည္။
Ref:nytimes

=======

အီရန်သမ္မတ ပါသည့် ရဟတ်ယာဉ် ပျ-က်-ကျ

အီရန် သမ္မတ ရိုင်စီ နှင့်နိုင်ငံခြားရေးဝန်ကြီး တို့လိုက်ပါလာသည့် ရဟတ်ယာဥ်တစ်စင်း တနင်္ဂနွေနေ့က ပျ-က်-ကျခဲ့ကြောင်းအီရန်နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့သည်။
ပျ-က်-ကျသည့်နေရာတွင်ရာသီဥတုဆိုးဝါးနေခြင်း၊ မြူထူထပ်နေခြင်းတို့ကြောင့် ရှာဖွေကယ်ဆယ်ရေးသမားများက ရှာမတွေ့သေးဟုသိရသည်။
အဆိုပါ ရဟတ်ယာဉ်ကို ရှာဖွေရန် အဖွဲ့ ၁၆ ဖွဲ့ ပါဝင်သည့် ရှာဖွေရေး လုပ်ငန်းကြီးများ လုပ်ဆောင်နေကြောင်း နိုင်ငံပိုင် သတင်းဌာန IRNA က ဖော်ပြခဲ့သည်။ ရာသီဥတု ဆိုးနေခြင်းက ရှာဖွေမှုကို အဟန့်အတား ဖြစ်စေသည်ဟု သတင်းများက ဆိုသည်။ အဖွဲ့များသည် ငါးနာရီနီးပါးကြာသည်ထိလေယာဉ်ပျ-က်-ကျရာနေရာကို ရှာမတွေ့သေးပေ။
အ‌ေ-သအပျောက်များနှင့်ပတ်သက်၍၄င်း၊သမ္မတ၏ တည်နေရာ သို့မဟုတ် အခြေအနေတို့ကို၄င်း နိုင်ငံပိုင်မီဒီယာက အတည်ပြုနိုင်ခြင်းမရှိသေးပေ။ လေယာဉ်ပျ-က်-ကျရသည့် အကြောင်းရင်းကိုလည်း မသိရသေးပေ။
မစ္စတာရိုင်စီသည် အီရန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ တောင်တန်းဒေသဖြစ်သည့် အရှေ့အဇာဘိုင်ဂျန်ပြည်နယ်သို့ သွားရောက်သည့်ခရီးတွင်ယခုလိုဖြစ်ခဲ့ခြင်းဖြစ်သည်။
အီရန်ပြည်ထဲရေးဝန်ကြီးက သမ္မတနဲ့ အဆက်အသွယ်မရှိသေးကြောင်းပြောသော်လည်း သမ္မတသည် ဘေးကင်းပြီး အသံကောင်းကြောင်း အရေးပေါ် ဖုန်းခေါ်ဆိုနိုင်ခဲ့ကြောင်း အချို့သော သတင်းများအရ သိရသည်။
ဝန်ကြီးအဖွဲ့တစ်ဖွဲ့အပါအဝင်ရဟတ်ယာဉ်သုံးစီး ယာဉ်တန်းဖြင့်သွားကြရာအခြားလေယာဉ်နှစ်စင်းတို့သည် ၎င်းတို့၏ ဦးတည်ရာသို့ ရောက်ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
သမ္မတနှင့် နိုင်ငံခြားရေး ဝန်ကြီးတို့အပြင် ပြည်နယ် အုပ်ချုပ်ရေးမှူးလည်း ဗာဇာဂန် အမည်ရှိ ဧရိယာတွင် ပျ-က်-ကျခဲ့သည့် ရဟတ်ယာဉ်တွင် ပါဝင်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
Ref:nytimes