ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ပထမဆုံးအႀကိမ္ ဝင္ခြင့္ရရွိတဲ့ ဗီလာ

(အားကစား) ေမ ၁၅

အဂၤါညက ပရီးမီးယားလိဂ္ ပြဲက်န္ပြဲစဥ္(၃၄)အျဖစ္ စပါးအသင္းနဲ႔ မန္စီးတီးအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ရာတြင္ မန္စီးတီးအသင္းက စပါးအသင္းကို (0-2)ဂိုးရလဒ္နဲ႔အနိုင္ရရွိခဲ့တာေၾကာင့္ အက္စ္တြန္ဗီလာအသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ပထမဆုံးအႀကိမ္ ဝင္ခြင့္ရရွိသြားေၾကာင္းသိရပါတယ္။

ဒီရလဒ္ေၾကာင့္ ဗီလာဟာ တစ္ပြဲကစားဖို႔က်န္ရွိခ်ိန္မွာ အဆင့္(၅)ေနရာကစပါးကို (၅)မွတ္ျဖတ္နိုင္ခဲ့တာေၾကာင့္ အဆင့္(၄)ေနရာနဲ႔ရာသီသိမ္းနိုင္ဖို႔ ေသခ်ာခဲ့ၿပီး လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

ဗီလာနည္းျပအူနိုင္းအမ္မရီနဲ႔ ကစားသမားေတြဟာ အဂၤါညက ဗီလာပတ္ခ္မွာ ႏွစ္ပတ္လည္ awards night က်င္းပခဲ့ၿပီး စပါးနဲ႔ မန္စီးတီးပြဲအၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ေသခ်ာခဲ့ၿပီးေနာက္ ေအာင္ပြဲခံခဲ့ၾကပါတယ္။

=======

ချန်ပီယံလိဂ်ပြိုင်ပွဲ ပထမဆုံးအကြိမ် ဝင်ခွင့်ရရှိတဲ့ ဗီလာ

(အားကစား) မေ ၁၅

အင်္ဂါညက ပရီးမီးယားလိဂ် ပွဲကျန်ပွဲစဉ်(၃၄)အဖြစ် စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် မန်စီးတီးအသင်းက စပါးအသင်းကို (0-2)ဂိုးရလဒ်နဲ့အနိုင်ရရှိခဲ့တာကြောင့် အက်စ်တွန်ဗီလာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ခွင့်ရရှိသွားကြောင်းသိရပါတယ်။

ဒီရလဒ်ကြောင့် ဗီလာဟာ တစ်ပွဲကစားဖို့ကျန်ရှိချိန်မှာ အဆင့်(၅)နေရာကစပါးကို (၅)မှတ်ဖြတ်နိုင်ခဲ့တာကြောင့် အဆင့်(၄)နေရာနဲ့ရာသီသိမ်းနိုင်ဖို့ သေချာခဲ့ပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဗီလာနည်းပြအူနိုင်းအမ်မရီနဲ့ ကစားသမားတွေဟာ အင်္ဂါညက ဗီလာပတ်ခ်မှာ နှစ်ပတ်လည် awards night ကျင်းပခဲ့ပြီး စပါးနဲ့ မန်စီးတီးပွဲအပြီး ချန်ပီယံလိဂ်ဝင်ခွင့်သေချာခဲ့ပြီးနောက် အောင်ပွဲခံခဲ့ကြပါတယ်။