ျပင္သစ္လိဂ္ဂူးဝမ္းရဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို (၅)ႏွစ္ဆက္ရရွိခဲ့တဲ့ အမ္ဘက္ေပ

(အားကစား) ေမ ၁၄

PSG တိုက္စစ္မႉး ကီလီယန္အမ္ဘက္ေပဟာ ျပင္သစ္လိဂ္ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ေနာက္ဆုံး ငါးႏွစ္ဆက္ ဆြတ္ခူးရရွိခဲ့ေၾကာင္း သိရပါတယ္။

အသက္(၂၅)ႏွစ္အရြယ္ကစားသမား ဘာေပအေနျဖင့္ ယင္းဆုကို ၂၀၁၉၊ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ ခုႏွစ္မ်ားတြင္ ငါးႏွစ္ဆက္ ရရွိခဲ့ၿပီး ၂၀၂၀ ခုႏွစ္တြင္ COVID-19 ေၾကာင့္ ၿပိဳင္ပြဲ ဖ်က္သိမ္းခဲ့သျဖင့္ ဆုခ်ီးျမႇင့္နိုင္ျခင္း မရွိခဲ့ေၾကာင္း သိရပါတယ္။

ဘာေပ၏ေနာက္တြင္ အီဘရာဟီမိုဗစ္က သုံးႀကိမ္၊ ဟာဇက္ႏွင့္ ေပၚလက္တာက ႏွစ္ႀကိမ္စီ အမ်ားဆုံး ရရွိထားပါတယ္။

ျပင္သစ္တိုက္စစ္မႉးအမ္ဘာေပဟာ ယခုရာသီအကုန္မွာ PSGအသင္းကေန ထြက္ခြာမယ္လို႔ ဆိုရွယ္မီဒီယာကေနတဆင့္ တရားဝင္ေၾကညာသြားခဲ့ပါတယ္။ အမ္ဘာေပအေနနဲ႔ ဘယ္အသင္းကို ေျပာင္းေရႊ႕မလဲဆိုတာ ေျပာမသြားေပမဲ့ စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္အသင္းဆီ ေျပာင္းေရႊ႕ဖို႔ရွိတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။

=======

ပြင်သစ်လိဂ်ဂူးဝမ်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို (၅)နှစ်ဆက်ရရှိခဲ့တဲ့ အမ်ဘက်ပေ

(အားကစား) မေ ၁၄

PSG တိုက်စစ်မှူး ကီလီယန်အမ်ဘက်ပေဟာ ပြင်သစ်လိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို နောက်ဆုံး ငါးနှစ်ဆက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

အသက်(၂၅)နှစ်အရွယ်ကစားသမား ဘာပေအနေဖြင့် ယင်းဆုကို ၂၀၁၉၊ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ ခုနှစ်များတွင် ငါးနှစ်ဆက် ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် COVID-19 ကြောင့် ပြိုင်ပွဲ ဖျက်သိမ်းခဲ့သဖြင့် ဆုချီးမြှင့်နိုင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

ဘာပေ၏နောက်တွင် အီဘရာဟီမိုဗစ်က သုံးကြိမ်၊ ဟာဇက်နှင့် ပေါ်လက်တာက နှစ်ကြိမ်စီ အများဆုံး ရရှိထားပါတယ်။

ပြင်သစ်တိုက်စစ်မှူးအမ်ဘာပေဟာ ယခုရာသီအကုန်မှာ PSGအသင်းကနေ ထွက်ခွာမယ်လို့ ဆိုရှယ်မီဒီယာကနေတဆင့် တရားဝင်ကြေညာသွားခဲ့ပါတယ်။ အမ်ဘာပေအနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာ ပြောမသွားပေမဲ့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။