အီတာက ဘြန္ဒစ္လီဂါပြဲစဥ္တြင္ တာဝန္ယူခြင့္ရသည့္ ပထမဆုံးအမ်ိဳးသမီးနည္းျပျဖစ္လာ

ဇန္နဝါရီ ၃၁

ယူနီယံဘာလင္အသင္းရဲ့နည္းၿပ မာရီလူးဝစ္အီတာက ဘြန္ဒစ္လီဂါပြဲစဥ္တြင္ တာဝန္ယူခြင့္ရသည့္ ပထမဆုံးအမ်ိဳးသမီးနည္းၿပ ျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။

အသက္ (၃၂) ႏွစ္ရွိ အီတာဟာ ဇန္နဝါရီ (၂၈) ရက္က ယူနီယံဘာလင္အသင္းနဲ႔ ဒမ္းစတက္ဒ္အသင္းတို႔ပြဲစဥ္တြင္ စတင္တာဝန္ယူခဲ့ၿပီး အဆိုပါပြဲစဥ္၌ ၿပိဳင္ဘက္အသင္းကို (၁-၀)ဂိုးနဲ႔ အနိုင္ရရွိခဲ့ပါတယ္။

ယူနီယံဘာလင္အသင္းနည္းၿပ ဘီယဲလ္လီဆာမွာ ဘိုင္ယန္ျမဴးနစ္အသင္းႏွင့္ပြဲတြင္ ၿပိဳင္ဘက္ကစားသမား ဆာေနး၏ မ်က္ႏွာကို ႏွစ္ႀကိမ္ တြန္းထိုးခဲ့ေသာေၾကာင့္ (၃)ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခံထားရရာ ပထမအသင္း၏ လက္ေထာက္နည္းျပျဖစ္သူ အီတာက အစားထိုးတာဝန္ယူကိုင္တြယ္ခြင့္ ရခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

အီတာဟာ ဂ်ာမနီလူငယ္လက္ေရြးစင္အသင္းမ်ားတြင္ ပါဝင္ ကစားခဲ့ဖူးၿပီး ၂၀၀၈ ဥေရာပ ယူ-၁၇ အမ်ိဳးသမီးခ်န္ပီယံရွစ္ၿပိဳင္ပြဲ၌ ခ်န္ပီယံ၊ ယူ-၁၇ အမ်ိဳးသမီးကမၻာ့ဖလားၿပိဳင္ပြဲတြင္ တတိယႏွင့္ ၂၀၁၀ ယူ-၂၀ အမ်ိဳးသမီးကမၻာ့ဖလားၿပိဳင္ပြဲ၌ ခ်န္ပီယံဆု ရရွိခဲ့ပါတယ္။

အီတာက ကစားသမားဘဝတြင္ ဘြန္ဒစ္လီဂါခ်န္ပီယံဆု သုံးႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား တစ္ႀကိမ္ ရယူနိုင္ခဲ့ၿပီး ဂ်ာမနီ ယူ-၁၉၊ ယူ-၁၅၊ ယူ-၁၇ အသင္းတို႔ကိုလည္း နည္းျပအျဖစ္ ကိုင္တြယ္ခဲ့ဖူးသူျဖစ္ပါတယ္။

===========

အီတာက ဘွန်ဒစ်လီဂါပွဲစဉ်တွင် တာဝန်ယူခွင့်ရသည့် ပထမဆုံးအမျိုးသမီးနည်းပြဖြစ်လာ

ဇန်နဝါရီ ၃၁

ယူနီယံဘာလင်အသင်းရဲ့နည်းပြ မာရီလူးဝစ်အီတာက ဘွန်ဒစ်လီဂါပွဲစဉ်တွင် တာဝန်ယူခွင့်ရသည့် ပထမဆုံးအမျိုးသမီးနည်းပြ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

အသက် (၃၂) နှစ်ရှိ အီတာဟာ ဇန်နဝါရီ (၂၈) ရက်က ယူနီယံဘာလင်အသင်းနဲ့ ဒမ်းစတက်ဒ်အသင်းတို့ပွဲစဉ်တွင် စတင်တာဝန်ယူခဲ့ပြီး အဆိုပါပွဲစဉ်၌ ပြိုင်ဘက်အသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယူနီယံဘာလင်အသင်းနည်းပြ ဘီယဲလ်လီဆာမှာ ဘိုင်ယန်မြူးနစ်အသင်းနှင့်ပွဲတွင် ပြိုင်ဘက်ကစားသမား ဆာနေး၏ မျက်နှာကို နှစ်ကြိမ် တွန်းထိုးခဲ့သောကြောင့် (၃)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရရာ ပထမအသင်း၏ လက်ထောက်နည်းပြဖြစ်သူ အီတာက အစားထိုးတာဝန်ယူကိုင်တွယ်ခွင့် ရခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အီတာဟာ ဂျာမနီလူငယ်လက်ရွေးစင်အသင်းများတွင် ပါဝင် ကစားခဲ့ဖူးပြီး ၂၀၀၈ ဥရောပ ယူ-၁၇ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၌ ချန်ပီယံ၊ ယူ-၁၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယနှင့် ၂၀၁၀ ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၌ ချန်ပီယံဆု ရရှိခဲ့ပါတယ်။

အီတာက ကစားသမားဘဝတွင် ဘွန်ဒစ်လီဂါချန်ပီယံဆု သုံးကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ရယူနိုင်ခဲ့ပြီး ဂျာမနီ ယူ-၁၉၊ ယူ-၁၅၊ ယူ-၁၇ အသင်းတို့ကိုလည်း နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။