ေရွ႕တန္းနယ္ေျမအသီးသီးမွ ထိခိုက္ဒဏ္ရာရရွိထားသည့္ တပ္မေတာ္သားမ်ား၊ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားအတြက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီက ေထာက္ပံ့လႉဒါန္းမႈမ်ားျပဳလုပ္

ဒီဇင္ဘာ ၈၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ပါတီဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္တို႔သည္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလ (၈)ရက္ေန႔ နံနက္ပိုင္း၌ ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္ရွိ အမွတ္(၂) တပ္မေတာ္ေဆး႐ုံႀကီး၊ ခုတင္(၁၀၀၀) တြင္ ေရွ႕တန္းနယ္ေျမအသီသီးမွ ထိခိုက္ဒဏ္ရာမ်ားရရွိၿပီး ေဆးကုသမႈခံယူေနၾကသည့္ တပ္မေတာ္သားမ်ား၊ ျမန္မာ နိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားထံသို႔ သြားေရာက္ၿပီး ေထာက္ပံ့လႉဒါန္းမႈမ်ား ျပဳလုပ္ခဲ့ပါသည္။

ေထာက္ပံ့လႉဒါန္းမႈအေနျဖင့္ တပ္မေတာ္သားမ်ား၊ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ား ေပါင္း (၁၈၅)ဦးအတြက္ စားေသာက္ဖြယ္ရာမ်ား၊ အသုံးအေဆာင္ပစၥည္မ်ားႏွင့္ ေထာက္ပံ့ေငြမ်ား စုစုေပါင္း(၁၄၈)သိန္းက်ပ္ ျဖစ္ပါသည္။

=================

ရှေ့တန်းနယ်မြေအသီးသီးမှ ထိခိုက်ဒဏ်ရာရရှိထားသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ထောက်ပံ့လှူဒါန်းမှုများပြုလုပ်

ဒီဇင်ဘာ ၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်တို့သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်း၌ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး၊ ခုတင်(၁၀၀၀) တွင် ရှေ့တန်းနယ်မြေအသီသီးမှ ထိခိုက်ဒဏ်ရာများရရှိပြီး ဆေးကုသမှုခံယူနေကြသည့် တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ သွားရောက်ပြီး ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းမှုအနေဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပေါင်း (၁၈၅)ဦးအတွက် စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်များနှင့် ထောက်ပံ့ငွေများ စုစုပေါင်း(၁၄၈)သိန်းကျပ် ဖြစ်ပါသည်။