ၾသဂုတ္လ ပထမပတ္အတြင္း ေတာင္ကိုရီးယားသို႔ ျမန္မာလုပ္သား (၄၂၀) ေက်ာ္ေစလႊတ္ထားၿပီးျဖစ္

ယခုၾသဂုတ္လ ပထမပတ္အတြင္း အစိုးရ ျပည္ပအလုပ္အကိုင္ေအဂ်င္စီမွ တဆင့္ ေတာင္ကိုရီးယားသို႔ ျမန္မာအလုပ္သမား (၄၂၈) ဦး ေစလႊတ္ထားၿပီးျဖစ္ေၾကာင္း ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ ေစလႊတ္ထားၿပီးျဖစ္ေသာ အလုပ္သမားမ်ားတြင္ ကုန္ထုတ္လုပ္သားသစ္ (၃၇၈) ဦး၊ စိုက္ပ်ိဳးေရး‌ႏွင့္ေမြးျမဴေရးလုပ္သားသစ္ (၅၀) ဦး ပါဝင္သည္။
ထို႔ျပင္ ယခုႏွစ္အတြင္း ကိုရီးယား နိုင္ငံသို႔ လုပ္သား ေစလႊတ္မူအေနျဖင့္ ဇန္နဝါရီလတြင္ (၁၉၃)ဦး၊ ေဖေဖာ္ဝါရီလတြင္ (၂၀၀) ဦး၊မတ္လတြင္ (၂၅၃) ဦး၊ ဧၿပီလတြင္ (၁၅၀) ဦး၊ ေမလတြင္ (၄၃၀) ဦး၊ ဇြန္လတြင္ (၉၁၉) ဦးႏွင့္ ဇူလိုင္လတြင္(၁၀၄၉)ဦး ေစလႊတ္ထားၿပီးျဖစ္ေၾကာင္းလည္းသိရသည္။
ေတာင္ကိုရီးယားနိုင္ငံသို႔ လုပ္သားေစလႊတ္မႈကို ကိုဗစ္ကာလအလြန္ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ၾသဂုတ္လတြင္ ျပန္လည္ေစလႊတ္ခဲ့ၿပီး လုပ္သားလိုအပ္ခ်က္မ်ားရွိေနသည့္အတြက္ ဆက္လက္ေခၚယူခန႔္ထားမႈမ်ားလည္း ရွိေနျခင္းျဖစ္သည္။

=================================

သြဂုတ်လ ပထမပတ်အတွင်း တောင်ကိုရီးယားသို့ မြန်မာလုပ်သား (၄၂၀) ကျော်စေလွှတ်ထားပြီးဖြစ်

 

ယခုသြဂုတ်လ ပထမပတ်အတွင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တဆင့် တောင်ကိုရီးယားသို့ မြန်မာအလုပ်သမား (၄၂၈) ဦး စေလွှတ်ထားပြီးဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

အဆိုပါ စေလွှတ်ထားပြီးဖြစ်သော အလုပ်သမားများတွင် ကုန်ထုတ်လုပ်သားသစ် (၃၇၈) ဦး၊ စိုက်ပျိုးရေး‌နှင့်မွေးမြူရေးလုပ်သားသစ် (၅၀) ဦး ပါဝင်သည်။

ထို့ပြင် ယခုနှစ်အတွင်း ကိုရီးယား နိုင်ငံသို့ လုပ်သား စေလွှတ်မူအနေဖြင့် ဇန်နဝါရီလတွင် (၁၉၃)ဦး၊ ဖေဖော်ဝါရီလတွင် (၂၀၀) ဦး၊မတ်လတွင် (၂၅၃) ဦး၊ ဧပြီလတွင် (၁၅၀) ဦး၊ မေလတွင် (၄၃၀) ဦး၊ ဇွန်လတွင် (၉၁၉) ဦးနှင့် ဇူလိုင်လတွင်(၁၀၄၉)ဦး စေလွှတ်ထားပြီးဖြစ်ကြောင်းလည်းသိရသည်။

တောင်ကိုရီးယားနိုင်ငံသို့ လုပ်သားစေလွှတ်မှုကို ကိုဗစ်ကာလအလွန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ပြီး လုပ်သားလိုအပ်ချက်များရှိနေသည့်အတွက် ဆက်လက်ခေါ်ယူခန့်ထားမှုများလည်း ရှိနေခြင်းဖြစ်သည်။