ရွှေနဲ့အလှဆင်ထားတဲ့ သိန်း ၈၀၀ တန် Apple Vision Pro Caviar Edition

၃,၅၀၀ ဒေါ်လာတန် Apple Vision Pro ဟာ ဈေးကြီးတယ်လို့ သင်ထင်နေရင် ဒီသတင်းကို ဖတ်ကြည့်လိုက်ပါဦး။ နာမည်ကြီး ထုတ်ကုန်တွေကို လက်ဝတ်ရတနာတွေနဲ့ အလှဆင် ရောင်းချတဲ့ Caviar က ၁၈ ကာရက်ရွှေနဲ့ အလှဆင်ထားတဲ့ Apple Vision Pro Caviar Edition ကို ကြေညာလိုက်ပါတယ်။ ဒေါ်လာ ၄ သောင်းနဲ့ ရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ သိန်း ၈၀၀ လောက် တန်ကြေးရှိပါတယ်။
Caviar က Vision Pro ရဲ့ အလူမီနီယမ် ကိုယ်ထည်၊ Digital Crown နဲ့ တခြား အစိတ်အပိုင်းတွေကို ရွှေနဲ့ အလှဆင်ထားတာ ဖြစ်ပါတယ်။ Headband ကို Connolly သားရေနဲ့ ဖုံးအုပ်ထားပြီး ကမ္ဘာ့ အကောင်းဆုံးတွေထဲက ၁ ခု အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။
Apple Vision Pro Caviar Edition ကို CVR Edition လို့လည်း ခေါ်ပြီး ကုမ္ပဏီက Tom Ford ရဲ့ Flip-up မျက်မှန်နဲ့ Gucci ရဲ့ နှင်းလျှောစီး Mask တို့ရဲ့ ဒီဇိုင်းတွေကို ရယူထားကာ ဖက်ရှင်ကျအောင် ဖန်တီးထားတယ်လို့ ပြောပါတယ်။
Caviar က Apple Vision Pro CVR Edition ကို ၂၄ ခုပဲ ထုတ်လုပ်မှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဆောင်းရာသီမှာ ရောင်းချဖို့စီစဉ်ထားပါတယ်။
Ref : 9to5mac ။ DigitalTimes