အမေရိကန်နဲ့တောင်ကိုရီးယား က ငါးနှစ်အတွင်း အကြီးဆုံးစစ်ရေးလေ့ကျင့်မှု စတင်

နိုင်ငံအနီးမှာ စစ်ရေးလေ့ကျင့်တာတွေကို စစ်ကြေညာခြင်းအဖြစ် ရှုမြင်နိုင်တယ်လို့ မြောက်ကိုရီးယားက သတိပေးခဲ့ပြီးနောက်မှာပဲ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ငါးနှစ်အတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပါတယ်။

မကြာသေးခင်လတွေမှာ ပိတ်ပင်ထားတဲ့ လက်နက်စမ်းသပ်မှုတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့တဲ့ မြောက်ကိုရီးယားဆီက ခြိမ်းခြောက်ပြောဆိုတာတွေ များလာနေချိန်မှာပဲ အမေရိကန် နဲ့ တောင်ကိုရီးယားက ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

Freedom Shield လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အနည်းဆုံး ၁၁ ရက် ကျင်းပသွားမှာဖြစ်ကာ မြောက်ကိုရီးယားဆီက ရန်လိုမှုတွေ နှစ်ဆများလာတဲ့ ပြောင်းလဲနေတဲ့ လုံခြုံရေးအခြေအနေအပေါ် အဓိကထားသွားမှာ ဖြစ်ကြောင်း မဟာမိတ် နှစ်နိုင်ငံ က ထုတ်ပြန်ပြောကြားပါတယ်။

ကိုရီးယားအရှေ့ဘက်ကမ်းလွန် ရေပြင်မှာရှိတဲ့ “8.24 Yongung” ရေငုပ်သင်္ဘောကနေပစ်လွှတ်ခဲ့တဲ့ မဟာဗျူဟာမြောက် ဒုံးကျည်တွေက ကီလိုမီတာ ၁၅၀၀ အကွာအဝေးက ပင်လယ်ပြင်ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ သတင်း က ဖော်ပြပါတယ်။

အဆိုပါ စမ်းသပ်မှုတွေက ရေငုပ်သင်္ဘော လက်နက်စနစ်ရဲ့ ယုံကြည်စိတ်ချရမှုကို အတည်ပြုခဲ့ကြောင်း နဲ့ ရေငုပ်သင်္ဘောတပ်ဖွဲ့တွေရဲ့ ရေအောက်ကနေ ထိုးစစ်ဆင်နိုင်စွမ်းကိုလည်း စမ်းသပ်နိုင်ခဲ့ကြောင်း KCNA က ပြောကြားပါတယ်။

-Ref:Reuters/AFP