ရုပ်ရှင် ရိုက်ရင်း ဒဏ်ရာရခဲ့တဲ့ မင်းသားကြီး အမီတာ ဘချန်း

ဘောလိဝုဒ်နာမည်ကျော်မင်းသားကြီး အမီတာဘချန်း က အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ရုပ်ရှင်ရိုက်ကူးရင်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။  ၂၀၂၄ ခုနှစ်မှာ ဖြန့်ချိဖို့ ရည်မှန်းထားတဲ့ Project K သိပ္ပံသည်းထိပ်ရင်ဖိုဇာတ်ကားအား ဟိုင်ဒရာဘတ်မြို့မှာ ရိုက်ကူးနေချိန်မှာ နံရိုးမှာ ဒဏ်ရာရခဲ့တယ်လို့ အသက် ၈၀ အရွယ်မင်းသားကြီး က သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။

နံရိုးရဲ့ အရိုးနုကျိုးကာ ကြွက်သားစုတ်ပြဲတဲ့ ဒဏ်ရာပါ ရခဲ့ပြီး အလွန် နာကျင်တယ်လို့ သူက ဆက်ပြောပါတယ်။ သူ့အနေနဲ့ လေယာဉ်နဲ့ ပြန်မလာခင် ဆရာဝန် အကြံဉာဏ်တောင်းခံခဲ့ကာ အခုတော့ အိမ်မှာ အနားယူနေတယ်လို့  ဆိုပါတယ်။ သူ့အနေနဲ့ ပရိသတ်တွေကို ထွက်တွေ့နိုင်မှာ မဟုတ်လို့ မွန်ဘိုင်းမှာ ရှိတဲ့ နေအိမ်ဆီကို ပရိသတ်တွေ မလာကြဖို့လည်း မင်းသားကြီးက ပန်ကြားခဲ့ပါတယ်။

-Ref:AP/sr