အကယ်ဒမီဆုပေးပွဲမှာ ဆုချီးမြှင့်သူအဖြစ်ပါဝင်ကြမယ့် ဒဝိန်းဂျွန်ဆင် နဲ့ အမ်မီလီ ဘလန့်

မတ်လ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ရုပ်ရှင်ထူးချွှန်ဆုပေးပွဲမှာ မင်းသား ဒဝိန်းဂျွန်ဆင် နဲ့ မင်းသမီး အမ်မီလီ ဘလန့် တို့ကို ဆုပေးအပ်ချီးမြှင့်သူတွေအဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။

ဆယ်မြူရယ်ဂျက်ဆင်၊ ဂျနီဖာကော်နယ်လီ ၊ ရစ်အာမက် ၊ ဂလင်းကလို့စ် ၊ ဂျွန်နသန်မေဂျားစ် စတဲ့နာမည်ကျော် တွေနဲ့ အခြားလူပုဂ္ဂိုလ်တွေကလည်း ဆုချီးမြှင့်ပေးဖို့ လူစာရင်းမှာ ပါဝင်ကြပါတယ်။

ABC ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်မယ့် ဆုပေးပွဲကို  ဂျင်မီ ကင်းမဲလ် က အခမ်းအနားမှူးအနေနဲ့ တာဝန်ယူ တင်ဆက်မှာ ဖြစ်ပါတယ်။

အာရှမင်းသမီး မစ်ရှဲလ်ယို ပါဝင်ထားတဲ့ Everything Everywhere All At Once  က အမည်စာရင်း တင်သွင်းမှု ၁၁ ခုနဲ့ ဦးဆောင်နေပြီး All Quiet on the Western Front နဲ့  The Banshees of Inisherin ဇာတ်ကားတွေကလည်း အမည်စာရင်း တင်သွင်းမှု ကိုးခုစီနဲ့ ရေပန်းစားတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။

 

-Ref:UPI