၂၀၂၃ သူနာပြု-သားဖွားဒီပလိုမာသင်တန်း ဧပြီတွင်ဖွင့်မည်

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အောက်ရှိ သူနာပြု/သားဖွား/နှီးနွှယ်သင်တန်း ကျောင်းတွေမှာ ၂၀၂၃ ပညာသင်နှစ်အတွက် ဖွင့်လှစ်မယ့် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းနဲ့ ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ် သင်တန်း (ဒုတိယအသုတ်)ကို လာမယ့်ဧပြီလ(၁၈ရက်နေ့မှာ  ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ကျန်းမာရေး၀န်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ကထုတ်ပြန်ပါတယ်။

အဲဒီ သူနာပြု-သားဖွားဒီပလိုမာသင်တန်း ဝင်ခွင့်အတွက်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင် ရမှတ်တွေက (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ)(၃) ဘာသာ ရမှတ်ပေါင်းပေါ် မူတည်ပြီး ရွေးချယ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

လျှောက်လွှာတွေကိုတော့ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနတို့ရဲ့ အင်တာ နက်စာမျက်နှာမှာ ရယူပြီး ပြည့်စုံ၊ တိကျ၊ ပီသစွာ  ဖြည့်စွက်ကာ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ ပူးတွဲပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တဲ့ စာစစ်ဌာနတည်ရှိတဲ့ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကိုသာ လိပ်မူပေးပို့ရမှာဖြစ်တယ် လို့ဆိုပါတယ်။

ဝင်ခွင့်လျှောက်ထားလိူသူတွေအနေနဲ့ မတ်လ(၈) ရက်နေ့ထက် နောက်မကျစေဘဲ လျှောက်ထား ရမှာဖြစ်ပြီး နေပြည်တော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနကို လိပ်မူပြီးတိုက်ရိုက် လျှောက်ထားခြင်း မပြုရဘူး လို့လည်းထုတ်ပြန်ထားပါတယ်။