ယူရို 379 ဝန်းကျင် တန်ဖိုးရှိမယ့် Honor Magic5 Lite

ဒီဖုန်းက  Honor X9a ကို ဥရောပ ဈေးကွက် အတွက် ပြန်လည် ဆန်းသစ် ထုတ်လုပ်တာပါ။Honor Magic5 Liteမှာ 6.67-inch OLEDမျက်နှာပြင်, ဖုန်းမျက်နှာပြင် အပေါ်ထိပ် အလယ်နားလောက်မှာ ပါမယ့် 16MP selfieကင်မရာ ,ဖုန်းအနောက်ဘက်မှာ စက်ဝိုင်းပုံဒီဇိုင်းဆင်ထားတဲ့ 64MP အဓိက ကင်မရာ+ 5MP ultrawide lens + 2MP macro cam တို့ပါဝင်ပါတယ်။ ဒါ့အပြင် Snapdragon 695 chipset , 6GB RAM, 128GB storageနဲ့ 5,100 mAh batteryတို့ပါပါတယ်။ Honor Magic5 Liteမှာ အရောင် ၃ ရောင် ရှိမှာ ဖြစ်ကာ ဖေဖော်ဝါရီ ၂၀ ရက်ကနေ စပြီး ပြင်သစ်မှာ ကြိုတင် စာရင်းသွင်း ဝယ်နိုင်ပါပြီ။  #mobileguidejournal