ချမ်းမြသာစည်ပြည်ခိုင်ဖြိုး ခရိုင်/မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၂-၁၁-၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်း/ခရိုင်/ မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ မဟာအောင်မြေခရိုင်ပါတီဥက္ကဌ ဦးမြင့်သန်းနှင့်ခရိုင်ပါတီကော်မတီဝင်များ၊ ချမ်းမြသာစည်မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုဦးနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများတက်ရောက်ခဲ့ကြပြီး လာမည့်ရွေးကောက်ပွဲတွင် ပြုလုပ်မည့် PR စနစ်အကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရေးကိစ္စများရှင်းလင်းခြင်း၊ ပါတီဝင်အင်အားစီစစ်ရေး၊ ပါတီဝင်အသစ်နှင့်ပါတီဝန်းရံ အင်အား တိုးချဲ့စည်းရုံးရေး ကိစ္စရပ်များ၊ လူငယ်/အမျိုးသမီးကဏ္ဍစကားဝိုင်း ဆွေးနွေးပွဲများစဉ်ဆက်မပြတ်ပြုလုပ်ရေး လုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှလည်းသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။