ရန်ကုန်တိုင်းတွင် ဓာတ်ဆီတစ်လီတာ ကျပ် ၂၀၀၀ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၂၆၉၀ တွင် ငြိမ်သက်နေ

ရန်ကုန်တိုင်းတွင် ဓာတ်ဆီတစ်လီတာ ကျပ် ၂၀၀၀ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၂၆၉၀ တွင် ငြိမ်သက်နေကြောင်း စက်သုံးဆီ အရောင်း ဆိုင်များထံမှ သိရသည်။ အောက်တိုဘာ ၃၁ ရက်တွင် စက်သုံးဆီ စျေးနှုန်းများအရ ရန်ကုန်တွင် ၉၂ တစ်လီတာ ကျပ်၂၀၀၀၊ ၉၅ တစ်လီတာ ကျပ်၂၀၉၀၊ ရိုး ရိုးဒီဇယ်တစ်လီတာ ကျပ် ၂၆၉၀၊ ပရီမီယံ ဒီဇယ်တစ်လီတာ၂၇၇၅ ကျပ်ဖြစ်ကြောင်း သိရသည်။ ယင်းစျေးနှုန်းများမှာ အောက်တိုဘာ  ၂၉ ရက်မှ စတင်ကာ စျေးနှုန်းပြောင်းလဲခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၃၁ ရက် အထိ ယင်း စျေးနှုန်းများတွင် တည်ရှိနေခြင်းဖြစ်သည်။

အဆိုပါ စျေးနှုန်းများကို စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းပေါ် တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်သည်။ ၉၂ တစ်လီတာလျှင် ကျပ် ၁၉ဝဝကျော် သာရှိခဲ့ရာမှ အောက်တိုဘာ ၂၉ ရက်တွင် ကျပ် ၂၀၀၀ သို့ ရောက်ရှိလာခြင်းဖြစ်သည်။

သီလဝါဆိပ်ကမ်း၌ စက်သုံးဆီဂါလန် ၁၁ သန်းနီးပါး ဆီချနေပြီး ရန်ကုန်သီလဝါ ဆီလှောင်ကန် လက်ကျန်များ၊ စက်သုံးဆီ    အရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန်   အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိ ကြောင်း စက်သုံးဆီတင်သွင်းသို လှောင်ဖြန့် ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့်  စက်သုံးဆီ အမျိုးအစားအလိုက် ဖူလုံမှု ရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက် ရှိရာ အောက်တိုဘာ ၁၇ ရက်တွင် ရန်ကုန်တိုင်း သီလဝါဆိပ်ကမ်းရှိ Terminal များ၌ MT Glory Star သင်္ဘောသည် ပရီမီယံ ဒီဇယ်ဆီ ၁ ဒသမ ၃၉ ဂါလန် သန်း ဆီချခဲ့သည်။  ဓာတ်ဆီ 92 Ron ဂါလန် သုည ဒသမ ၅၀ သန်းနှင့် ရိုးရိုးဒီဇယ်ဆီ ဂါလန် ၁ ဒသမ ၁၂ သန်း တင်ဆောင်လာသည့် MT Fly Marlin သင်္ဘော၊ ရိုးရိုးဒီဇယ်ဆီ ဂါလန် ၁ ဒသမ ၇၃ သန်းနှင့် ပရီမီယံဒီဇယ်ဆီ  ဂါလန် ၂ ဒသမ ၅၅ သန်း တင်ဆောင်လာသည့် MT Beluga Pacific သင်္ဘောနှင့် ဓာတ်ဆီ 92 Ron ဂါလန် ၁ ဒသမ ၈၄ သန်း၊ ရိုးရိုး ဒီဇယ်ဆီ ဂါလန် ၂ ဒသ မ ၁၄ သန်းနှင့် ပရီမီ ယံဒီဇယ်ဆီ  ဂါလန်၁ ဒသမ ၀၆ သန်း တင်ဆောင်လာသည့် MT Yu Hai သင်္ဘောတို့သည် အောက်တိုဘာ ၁၉ ရက်တွင် သက်ဆိုင်ရာ Terminal များသို့ ဆိုက်ကပ်ပြီး ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ source:elevennews