ဂျာမနီနောက်ခံလူ ခဲရာကို ဝက်စ်ဟမ်းအသင်းခေါ်ယူ

လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်းဟာ ဂျာမနီနောက်ခံလူ သီလိုခဲရာကို ပြင်သစ်ကလပ် ပီအက်စ်ဂျီကနေ ၄ နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ခဲရာဟာ ဂျာမန်ကလပ် ရှော်ကဲကနေ ပေါင် ၃၃ သန်း ဝန်းကျင်နဲ့ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိခဲ့သူပါ။ ၄ နှစ်အတွင်း ၁၂၈ ပွဲ ပါဝင်ကစားခဲ့တဲ့ ခဲရာကို ဝက်စ်ဟမ်း အသင်းက ပေါင် ၁၀ သန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးလိဂ်ပြိုင်ပွဲမှာ ကစားခွင့် ရတော့မှာကြောင့် စိတ်လှုပ်ရှားရသလို နည်းပြတွေနဲ့လည်း ဆွေးနွေးခဲ့ပြီး အသင်းမှာ အမြန်အထိုင်ကျဖို့ မျှော်လင့် တယ်လို့ ခဲရာက ဖွင့်ဟခဲ့တာပါ။ ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့အတူ လီဂူးဝမ်း ၃ ကြိမ် နဲ့ ပြင်သစ်ဖလား ၂ ကြိမ် တို့ ရရှိခဲ့တဲ့ ခဲရာအနေနဲ့ ၂၀၂၀ ချန်ပီယံလိဂ်ဖိုင်နယ်မှာတော့ ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဂျာမနီလက်ရွေးစင်အသင်းမှာ ပထမဆုံး ခေါ်ယူခံရတဲ့ ခဲရာဟာ နည်းပြ ဟန်စီဖလစ် လက်ထက်မှာ ပုံမှန် ပွဲထွက်ခဲ့ရပြီး ၂၂ ပွဲ ပါဝင်ကစားထားပါတယ်။