ခင်ဦးမြို့၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်တွင် ဒုရဲမှူး တစ်ဦး အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့ဟုဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ဖြစ်စဉ်၌ ဒုတိယရဲမှူးတစ်ဦးအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း Narapati Local Guerrilla Revolution Force(NLGRF)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ဒုတိယရဲမှူးတစ်ဦး အပါအဝင် ၁၄ ဦး သေဆုံးခဲ့ကြောင်း Narapati Local Guerrilla Revolution Force(NLGRF)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခင်ဦးမြို့နယ်၊ ကံသစ်ရွာအနောက်ဘက် မူးချောင်းတံတားအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ထွက်ခွာလာစဉ် NLGRF အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
NLGRF ၏ ထုတ်ပြန်ချက်တွင် ကားတစ်စီးပေါ်၌ ပစ်ခတ်ခံရ၍ သေဆုံးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒုတိယရဲမှူးအဆင့်ရှိသူတစ်ဦး၏ အဆောင်အယောင်တံဆိပ်များကို ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်တွင် ဒေသခံပူးပေါင်းကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင် နှစ်ဦး ကျည်ဆံထိမှန်ခဲ့သော်လည်း မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ source: Eleven