မလေးရှားနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန်ပြင် ဆင်နေသည့် မြန်မာနိုင်ငံသား ၄၇ ဦးဖမ်းဆီးခံရ

ထိုင်း-မလေးရှားနယ်စပ်တွင် မလေးရှားနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန်ပြင်ဆင်နေသည့် မြန် မာနိုင်ငံသား ၄၇ ဦးအား ဇွန် ၁၈ ရက်ညပိုင်းက  မလေးရှားနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ထိုင်း-မလေးရှားနယ်စပ်ရှိ ရော်ဘာခြံတစ်ခုအတွင်း၌ ပုန်းအောင်းနေကာ ပွဲစားလာခေါ်မည့်အချိန်အား စောင့်ဆိုင်းနေစဉ် မလေးရှားနိုင်ငံတပ်မ တော်မှ သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“အခုဖမ်းမိသွားတာက မလေးရှားဘက်ကတာဝန် ရှိသူတွေကဖမ်းမိတာဆိုတော့ ကျွန်တော်တို့ဘက်က ကူညီပေးလို့မရဘူး ဒါပေမယ့် မလေးရှားနိုင်ငံဘက်မှာရှိတဲ့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ လူတွေနဲ့တော့ ချိတ်ဆက်ပြီး ကူညီဖို့လုပ်နေပါတယ်”ဟု ထိုင်းနိုင်ငံရောက်မြန်မာအ လုပ်သမားများအရေးကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများမှာ အမျိုး သား ၄၀ ဦးနှင့်အမျိုးသမီး ၇ ဦးတို့ဖြစ်ကာ Bukit Kayu Hitam ရဲစခန်းသို့ပို့ဆောင်ခဲ့ပြီး မလေးရှားနိုင်ငံဥပဒေအရအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ Eleven