လူသား ဝန်ထမ်းတွေနေရာမှာ စက်ရုပ်တွေနဲ့ လျှင်မြန်စွာ အစားထိုးနေတဲ့ တောင်ကိုရီးယား စက်ရုံများ
တောင်ကိုရီးယားမှာ ဇန်နဝါရီလတုန်းက Serious Disasters Punishment ဥပဒေကို အတည်ပြုလိုက်ပါတယ်။ အဲဒီ ဥပဒေက လုပ်ငန်းခွင်မှာ အလုပ်သမားတွေ သေဆုံး သို့မဟုတ် ဒဏ်ရာပြင်းထန်စွာ ရရင် CEO သို့မဟုတ် အဆင့်မြင့် မန်နေဂျာတွေကို ဒဏ်ငွေရိုက်နိုင်၊ ထောင်ချနိုင်တယ်လို့ ပြဌာန်းထားပါတယ်။
အဲဒီအတွက် တောင်ကိုရီးယားက စက်ရုံတွေဟာ လူသားဝန်ထမ်းတွေနေရာမှာ စက်ရုပ်တွေနဲ့ လျှင်မြန်စွာ အစားထိုးလာကြပါတယ်။ တောင်ကိုရီးယားရဲ့ အကြီးမားဆုံး Capacitors ထုတ်လုပ်တဲ့ Speefox ရဲ့ CEO Kim Yong-rae က “ ကျွန်တော်တို့ သမိုင်းတစ်လျှောက်မှာ နည်းလမ်း အသစ်တွေကို အမြဲတမ်း ရှာဖွေခဲ့ကြပါတယ်။ စက်ရုပ်တွေကို အသုံးပြုဖို့ဆိုတာ နောက်အဆင့် ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
Speefox ရဲ့ Managing Director Kim Hyo-jin က “ အဲဒီ ဥပဒေဟာ လက်ရှိမှာ စီးပွားရေးလုပ်ငန်းတွေအတွက် ကြီးမားတဲ့ ပြဿနာပါ။ ကံကောင်းတာက ကျွန်တော်တို့ဟာ စက်ရုပ်တွေကို စတင် အစားထိုးနေပြီ ဖြစ်ပြီး ဥပဒေ အတည်ဖြစ်တာနဲ့ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါပြီ။ “ လို့ ပြောပါတယ်။
တောင်ကိုရီးယားရဲ့ ဥပဒေ အသစ်ဟာ ကုမ္ပဏီတွေအတွက် လူသား ဝန်ထမ်းတွေကို လျှော့ချပြီး စက်ရုပ်တွေ ပိုမို အသုံးပြုဖို့ တွန်းအားဖြစ်လာစေပါတယ်။
Ref : interestingengineering