ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-19 ဥပဒေနှင့်အညီ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲဆွယ်စည်းရုံးရေးစတင်

 

ညောင်လေးပင်၊ စက်တင်ဘာ ၂၂

ညောင်​လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အတွင်းရှိ ကျေးရွာများသို့ ယနေ့မနက် ၈ နာရီချိန်မှစတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်​လောင်းများ၏ မဲဆွယ်စည်းရုံး​ရေး ခရီးစဉ်ကို ကိုဗစ်-19 ​ဥပ​ဒေနှင့်အညီ စတင်မဲဆွယ် စည်းရုံးခဲ့ကြသည်။ ပိန်းဇလုပ်မြို့အတွင်းရှိ ​ဒလဆိပ်၊ အင်းပရိ၊ ကျောင်းကုန်း၊ ကံကလေး၊ ပိန်းဇလုပ်ရွာမ ကျေးရွာများ သွား​ရောက်ပြီး ရပ်မိရပ်ဖများ၊ အောင်နိုင်​ရေး အဖွဲ့ဝင်များ၊ ရပ်​ကျေးအမှုဆောင် များနှင့် တွေ့ဆုံပြီး အောင်နိုင်​ရေးအတွက်​ဆွေးနွေးခဲ့ကြကာ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် လက်ကမ်းစာစောင်များ ဝေဌ၍ စည်းရုံးရေး ဆင်းခဲ့ကြသည်။ မဲဆွယ်စည်းရုံးရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များ နှင့် ဒေသခံလူငယ်များ လိုက်ပါခဲ့ကြသည်။ Waiyan