ပရီးမီးယားလိဂ်တွင် ငွေအသုံးဆုံးဖြစ်လာတော့မည့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းသည် လေဗာကူဆင်မှ ကိုင်းဟာဗတ်အား ခေါ်ယူပြီးပါက ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ငွေအသုံးဆုံး အသင်းအဖြစ်သို့ စံချိန်တင်ရောက်ရှိသွားတော့မည်ဖြစ်သည်။ ကိုင်းဟာဗတ်အတွက် ချဲလ်ဆီးအသင်း ရင်းနှီးမြှုပ်နှံရမည့် ပြောင်းရွှေ့ကြေး မှာ ပေါင်သန်း ၉ဝ ဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း အတည်ပြုချက်ထုတ်ပြန်နိုင်တော့မည်ဖြစ်သည်။ ထို့ကြောင့် ချဲလ်ဆီး၏ ယခု အပြောင်းအရွှေ့ကာလ အသုံးစရိတ် သည် ပေါင်သန်း ၂၃ဝ အထိ ရှိလာတော့မည်ဖြစ်သည်။

ယခင်က ပရီးမီးယားလိဂ်သမိုင်းတွင် ငွေအသုံးဆုံးအသင်းမှာ မန်စီးတီးဖြစ်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်က ပေါင် ၂၂၃ သန်း အထိ သုံးစွဲကာ စံချိန်တင်ထားခြင်းလည်းဖြစ်သည်။  ချဲလ်ဆီးသည် တီမိုဝါနာ နှင့် ဇီယက်တို့ကိုလည်း ခေါ်ယူထား နိုင်သော အသင်းဖြစ်သည်။ အပြောင်းအရွှေ့ကာလ ပိတ်ရန် ရက်သတ္တခြောက်ပတ်အထိ ကျန်ရှိနေသေးသည်။ ချဲလ်ဆီးအနေဖြင့် ကိုင်းဟာဗတ်ကို ခေါ်ယူပြီးနောက်တွင်လည်း ကစားသမား ထပ်ခေါ်ရန်အစီအစဉ်ရှိနေသေး သည်။ ထို့ကြောင့်ဘဏ္ဍာရေး သာတူညီမျှ စည်းမျဉ်းနှင့်ငြိစွန်းဖွယ်ရှိနေသည်။  Ref; The Sun