ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဘောလည်ကျွန်းဒေသရှိ ဆရာတော်များသို့ အာဟာရမုန့်ပုံး အချိုရည်ဘူး များလှူဒါန်း COVID-19 ရောဂါရှင်းလင်းဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့်အတူ ပါတီဗဟိုကော်မတီ ဝင် ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်းပါတီကော်မတီဝင် ဦးသန်းမြင့်၊ ထန်းတပင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းရီ တို့သည် ဒေါင့်ကြီးကျေးရွာအုပ်စု စက်တန်းကျေးရွာ၊ သမိန်ကျေးရွာအုပ်စု အောက်ခြံတန်းကျေးရွာ၊ ကျွဲကော ကျေးရွာ၊ ဘိုးနတ်ပေးကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ဆရာတော်များထံ အာဟာရမုန့်ပုံးနှင့် အချိုရည် ဘူးများလှူဒါန်းပြီး ကျေးရွာပါတီဥက္ကဋ္ဌ၊ ပါတီကော်မတီဝင်၊ပါတီဝင်များနှင့်ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးကံလှနေအိမ်တွင် ယမန်နေ့ နံနက် ၁ဝနာရီက COVID-19 ရောဂါအသိ ပညာပေးစကားများ ဆွေးနွေးပြောကြားခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း Mask နှာခေါင်းစည်းများ တပ်ဆင်ပေး အပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိ ရသည်။

ဇော်သိန်း(ထန်းတပင်)