ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ ကိုးရီယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Jong Ho Bom အား လက်ခံတွေ့ဆုံ

 

မတ် ၁၂၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Jong Ho Bom အား ၂၀၂၀ခုနှစ်၊ မတ်လ ၁၂ ရက်နေ့၊ (၁၁၀၀) နာရီတွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံပါတီအချင်းချင်း ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်း ရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင် လွင်နှင့် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Jong Ho Bom နှင့်အတူ အဖွဲ့ဝင် (၁) ဦး တက်ရောက် ခဲ့ပါသည်။