ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ရေနွေးကြမ်းစကားဝိုင်းသို့ တက်ရောက်ဆွေးနွေး
ချောင်းဦး ၊ ဇူလှိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေနွေးကြမ်း စကားဝိုင်းဆွေးနွေးပွဲကို ကျောက်စစ်ကန်ကျေးရွာအုပ်စု ဦးဇော်မြင့်နေအိမ်၌ ၉ – ၇ – ၂၀၁၉ ရက်နေ့ မနက်၁၀ နာရီ၌လည်းကောင်း၊ ငါးလုံးတင်ကျေးရွာ ဦးအောင်ဝင်းနေအိမ်၌ ၁၄း၃၀ နာရီ၌လည်းကောင်း ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းတက်ရောက်၍ ယနေ့နိုင်ငံရေးအခြေအနေများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂီဝင်းရွှေမှ သက်ငယ်မုဒိန်းမှု သေဒဏ်ပေးရေးနှင့် အမျိုးသမီးနှင့် နိုင်ငံရေးကိစ္စများ ဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးမှ နိုင်ငံသားများ၏ ရပိုင်ခွင့်အခွင့်အရေးများနှင့် တာဝန်များကို ရှင်းလင်းဆွေးနွေးပြီး၊ မြို့နယ်ပါတီကော်မတီဝင် ဦးမောင်မောင်မြင့်မှ ယနေ့ ဒီမိုကရေစီနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မြန်မာ့တပ်မတော် အခန်းကဏ္ဍတို့ကို တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂီဝင်းရွှေ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် မြို့နယ်အတွင်းရေးမှူး ဦးမျိုးမြင့်ဦး မြို့နယ်ပါတီ ကော်မတီဝင်များ၊ ကျောက်စစ်ကန်ကျေးရွာမှ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များနှင့် ပြည်သူများ ငါးလုံးတင် ကျေးရွာမှ ရပ်ကျေးပါတီ ဥက္ကဋ္ဌများ၊ ပါတီဝင်များ တက်ရောက်ခဲ့ကာ ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ကြပါသည်။